YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 5:3-6

သုတ္တံကျမ်း 5:3-6 MSBU

အကြောင်းမူကား အကျင့်​ဖောက်ပြား​သော​မိန်းမ​၏​နှုတ်ခမ်း​မှ ပျားရည်​ယိုစီး​၍ သူ​၏​နှုတ်​သည် ဆီ​ထက်​ချောမွေ့​၏​။ သို့သော် နောက်ဆုံး​၌ သူ​သည် ဒေါန​ကဲ့သို့​ခါး​၍ အသွားနှစ်ဖက်​ပါ​သော​သန်လျက်​ကဲ့သို့ ထက်​၏​။ သူ​၏​ခြေ​သည် သေ​ခြင်း​သို့​ဆင်းသွား​၍ သူ​၏​ခြေလှမ်း​တို့​သည် မရဏာနိုင်ငံ​သို့ ဦးတည်​လျက်​ရှိ​၏​။ သူ​သည် အသက်ရှင်​ခြင်း​လမ်း​ကို ချင့်ချိန်သုံးသပ်​ခြင်း​မ​ရှိ​။ သူ​၏​လမ်း​တို့​သည် ဦးတည်ရာမဲ့​ဖြစ်​နေ​သည်​ကို သူ​မ​သိ​။