YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 5:2-8

သုတ္တံကျမ်း 5:2-8 MSBU

သို့ပြုလျှင် သင်​သည် အလိမ္မာဉာဏ်​ကို​စောင့်ထိန်း​နိုင်​၍ သင်​၏​နှုတ်ခမ်း​သည် အသိပညာ​ကို ထိန်းသိမ်းစောင့်ရှောက်​နိုင်​လိမ့်မည်​။ အကြောင်းမူကား အကျင့်​ဖောက်ပြား​သော​မိန်းမ​၏​နှုတ်ခမ်း​မှ ပျားရည်​ယိုစီး​၍ သူ​၏​နှုတ်​သည် ဆီ​ထက်​ချောမွေ့​၏​။ သို့သော် နောက်ဆုံး​၌ သူ​သည် ဒေါန​ကဲ့သို့​ခါး​၍ အသွားနှစ်ဖက်​ပါ​သော​သန်လျက်​ကဲ့သို့ ထက်​၏​။ သူ​၏​ခြေ​သည် သေ​ခြင်း​သို့​ဆင်းသွား​၍ သူ​၏​ခြေလှမ်း​တို့​သည် မရဏာနိုင်ငံ​သို့ ဦးတည်​လျက်​ရှိ​၏​။ သူ​သည် အသက်ရှင်​ခြင်း​လမ်း​ကို ချင့်ချိန်သုံးသပ်​ခြင်း​မ​ရှိ​။ သူ​၏​လမ်း​တို့​သည် ဦးတည်ရာမဲ့​ဖြစ်​နေ​သည်​ကို သူ​မ​သိ​။ သို့ဖြစ်၍ ငါ့​သား​တို့​၊ ငါ့​စကား​ကို​နားထောင်​ကြ​လော့​။ ငါ​၏​နှုတ်ထွက်​စကား​တို့​မှ​လည်း ဖယ်ခွာ​မ​သွား​ကြ​နှင့်​။ သင်​၏​လမ်း​ကို ထိုသို့သော​မိန်းမ​နှင့် ဝေးကွာ​စေ​လော့​။ သူ​၏​အိမ်​တံခါး​အနီး​သို့​လည်း မ​ချဉ်းကပ်​နှင့်​။