YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 3:5-10

သုတ္တံကျမ်း 3:5-10 MSBU

ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့ ယုံကြည်ကိုးစား​လော့​။ မိမိ​၏​အသိဉာဏ်​ကို အမှီ​မ​ပြု​နှင့်​။ သင်​ပြုမူကျင့်ကြံ​သမျှ​သော​အမှုအရာ​တို့​၌ ကိုယ်တော်​ကို မျက်မှောက်ပြု​လော့​။ သို့ပြုလျှင် ကိုယ်တော်​သည် သင်​၏​လမ်းခရီး​တို့​ကို ဖြောင့်တန်း​စေ​တော်မူ​လိမ့်မည်​။ ကိုယ့်ကိုယ်ကိုယ် ပညာရှိ​ဟု မ​ထင်မြင်​နှင့်​။ ထာဝရဘုရား​ကို​ကြောက်ရွံ့​၍ မကောင်းမှု​မှ​ဖယ်ခွာ​လော့​။ ထိုသို့​ပြု​ခြင်း​သည် သင်​၏​ကိုယ်ခန္ဓာ​ကို ကျန်းမာ​စေ​၍ သင်​၏​အရိုး​တို့​ကို သန်စွမ်း​စေ​လိမ့်မည်​။ သင်​၏​စည်းစိမ်ဥစ္စာ​နှင့် သင်​ရရှိ​သမျှ​သော​အသီးအနှံ​၏​အသီးဦး​ဖြင့် ထာဝရဘုရား​ကို​ဂုဏ်ပြုချီးမွမ်း​လော့​။ သို့ပြုလျှင် သင်​၏​ကျီ​တို့​သည် ပြည့်နှက်​လျှံကျ​လျက် သင်​၏​စပျစ်သီးနယ်ရာကျင်း​တို့​သည်​လည်း စပျစ်ဝိုင်​အသစ်​နှင့် ပြည့်လျှံ​လိမ့်မည်​။

​သုတ္တံကျမ်း 3:5-10 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။