YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 3:25-27

သုတ္တံကျမ်း 3:25-27 MSBU

ရုတ်တရက်​ကျရောက်​တတ်​သော ကြောက်မက်ဖွယ်ဘေး​ကို​လည်းကောင်း​၊ ဆိုးယုတ်​သော​သူ​တို့​အပေါ်​ကျရောက်​တတ်​သော ဖျက်ဆီး​ခြင်း​ဘေး​ကို​လည်းကောင်း ကြောက်ရွံ့​ခြင်း​မ​ရှိ​နှင့်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​ယုံကြည်အားထား​ရာ​ဖြစ်​၍ သင်​၏​ခြေ​ကို ကျော့ကွင်း​၌​မ​မိ​စေရန် စောင့်ထိန်း​တော်မူ​လိမ့်မည်​။ သင့်​လက်​ထဲ၌ ကောင်းကျိုး​ပြု​နိုင်စွမ်း​ရှိ​လျက်​နှင့် ထို​ကောင်းကျိုး​ကို​ခံထိုက်​သော​သူ​တို့​အား မပြု​ပေး​ဘဲ​မ​နေ​နှင့်​။