ဉာဏ်ပညာကိုတွေ့ရှိသောသူနှင့် ထိုးထွင်းဉာဏ်ကိုရရှိသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား ဉာဏ်ပညာမှရရှိသောအကျိုးအမြတ်သည် ငွေမှရရှိသောအကျိုးအမြတ်ထက် ပို၍ကောင်း၏။ ၎င်း၏အမြတ်အစွန်းသည်လည်း ရွှေထက် ပို၍ကောင်း၏။ ဉာဏ်ပညာသည် ပတ္တမြားထက်အဖိုးတန်၍ သင်နှစ်သက်သောမည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်။ ၎င်း၏လက်ယာလက်၌ အသက်ရှည်ခြင်း၊ လက်ဝဲလက်၌ ဓနဥစ္စာနှင့် ဂုဏ်သရေရှိ၏။ ဉာဏ်ပညာ၏လမ်းများသည် နှစ်လိုဖွယ်သောလမ်းများဖြစ်ကြပြီး ၎င်း၏လမ်းခရီးရှိသမျှတို့သည် ငြိမ်းချမ်းကြ၏။ ဉာဏ်ပညာသည် ၎င်းကိုဆုပ်ကိုင်ထားသော သူတို့အတွက် အသက်ပင်သဖွယ်ဖြစ်၏။ ၎င်းကိုစွဲကိုင်ထားသောသူတို့သည် မင်္ဂလာရှိကြ၏။ ထာဝရဘုရားသည် ဉာဏ်ပညာအားဖြင့် မြေကြီးကိုတည်၍ ထိုးထွင်းဉာဏ်အားဖြင့် ကောင်းကင်ကို မြဲမြံစေတော်မူ၏။ ကိုယ်တော်၏အသိပညာဖြင့် နက်ရှိုင်းရာအရပ်တို့သည် ပေါက်ထွက် ၍ မိုးတိမ်တို့သည် နှင်းကိုတဖွဲဖွဲကျစေ၏။ ငါ့သား၊ မှန်ကန်ပြည့်စုံသောဉာဏ်နှင့် အလိမ္မာဉာဏ်ကိုထိန်းသိမ်းစောင့်ရှောက်လော့။ ၎င်းတို့ကို သင်၏မျက်မှောက်မှ မကွာစေနှင့်။ သို့ပြုလျှင် ၎င်းတို့သည် သင်၏စိတ်ဝိညာဉ်အတွက် အသက်ဖြစ်ပြီး သင်၏လည်ပင်းအတွက် တင့်တယ်သောတန်ဆာဖြစ်လိမ့်မည်။ ထိုအခါ သင်သည် သင်၏လမ်းခရီးတွင် ဘေးကင်းလုံခြုံစွာသွားလာရ၍ သင်၏ခြေသည် ခလုတ်တိုက်လိမ့်မည်မဟုတ်။ သင်အိပ်သောအခါ ကြောက်ရွံ့ခြင်းမရှိရ။ သင်အိပ်သောအခါ နှစ်ခြိုက်စွာအိပ်စက်ရလိမ့်မည်။ ရုတ်တရက်ကျရောက်တတ်သော ကြောက်မက်ဖွယ်ဘေးကိုလည်းကောင်း၊ ဆိုးယုတ်သောသူတို့အပေါ်ကျရောက်တတ်သော ဖျက်ဆီးခြင်းဘေးကိုလည်းကောင်း ကြောက်ရွံ့ခြင်းမရှိနှင့်။ အကြောင်းမူကား ထာဝရဘုရားသည် သင်ယုံကြည်အားထားရာဖြစ်၍ သင်၏ခြေကို ကျော့ကွင်း၌မမိစေရန် စောင့်ထိန်းတော်မူလိမ့်မည်။
သုတ္တံကျမ်း 3 ကိုဖတ်ပါ။
နားထောင်ပါ သုတ္တံကျမ်း 3
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံကျမ်း 3:13-26
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ