နှုတ်ကပတ်တော်ကိုမထီမဲ့မြင်ပြုသောသူသည် မိမိအပေါ်မိမိ ပျက်စီးခြင်းကိုသက်ရောက်စေလိမ့်မည်။ ပညတ်တော်ကိုရိုသေသောသူမူကား ဆုလာဘ်ကိုရရှိလိမ့်မည်။ ပညာရှိသောသူ၏သွန်သင်ချက်သည် အသက်စမ်းရေတွင်းဖြစ်၍ သေခြင်း၏ထောင်ချောက်များမှဖယ်ခွာစေတတ်၏။ ကောင်းသောဉာဏ်စွမ်းသည် မျက်နှာရစေတတ်၏။ သစ္စာမဲ့သောသူ၏လမ်းခရီးကား ကြမ်းတမ်း၏။ ဆင်ခြင်ဉာဏ်ရှိသောသူတိုင်းသည် အသိပညာရှိစွာပြုကျင့်တတ်၏။ မိုက်မဲသောသူမူကား မိမိ၏မိုက်မဲမှုကို ပေါ်လွင်ထင်ရှားစေတတ်၏။ ဆိုးယုတ်သောစေတမန်သည် ဒုက္ခတွင်းထဲသို့ကျရောက်တတ်၏။ သစ္စာရှိသောသံတမန်မူကား ဒဏ်ရာဒဏ်ချက်ကို ပျောက်ကင်းစေတတ်၏။ ဆင်းရဲခြင်းနှင့်အရှက်ကွဲခြင်းသည် ဆုံးမပဲ့ပြင်ခြင်းကိုလျစ်လျူရှုသောသူထံသို့ ရောက်လာလိမ့်မည်။ ဆိုဆုံးမစကားကိုစောင့်ထိန်းသောသူမူကား ဂုဏ်ပြုချီးမွမ်းခြင်းခံရလိမ့်မည်။ အလိုဆန္ဒပြည့်ဝခြင်းသည် စိတ်ဝိညာဉ်အတွက် နှစ်သက်ဖွယ်ဖြစ်၏။ သို့သော် မကောင်းမှုမှဖယ်ခွာခြင်းသည် မိုက်မဲသောသူတို့အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ ပညာရှိသောသူတို့နှင့်အတူ လျှောက်လှမ်းသောသူသည် ပညာရှိလာလိမ့်မည်။ မိုက်မဲသောသူတို့နှင့်အတူပေါင်းဖော်သောသူမူကား ဒုက္ခရောက်လိမ့်မည်။ ဒုက္ခသည် အပြစ်သားတို့၏နောက်သို့ လိုက်တတ်၏။ ဖြောင့်မတ်သောသူတို့မူကား ကောင်းသောဆုလာဘ်ကိုရရှိလိမ့်မည်။ သူတော်ကောင်းသည် သားမြေးတို့အတွက် အမွေကိုချန်ထားတတ်၏။ အပြစ်ပြုသောသူ၏ဥစ္စာပစ္စည်းမူကား ဖြောင့်မတ်သောသူအတွက် သိုမှီးထားခြင်းခံရ၏။ ဆင်းရဲသောသူတီသောလယ်မြေသည် များစွာသောအစားအစာကို ဖြစ်ထွန်းစေတတ်၏။ သို့သော် မတရားမှုကြောင့် ဖျက်ဆီးခြင်းခံရတတ်၏။ ကြိမ်လုံးကိုမသုံးသောသူသည် မိမိသားကိုမုန်းသောသူဖြစ်၏။ သားကိုချစ်သောသူမူကား သူ့ကိုကြိုးစား၍ဆုံးမပဲ့ပြင်တတ်၏။ ဖြောင့်မတ်သောသူသည် မိမိစိတ်ဆန္ဒ ပြည့်စုံကြွယ်ဝသည့်တိုင်အောင် စားရ၏။ ဆိုးယုတ်သောသူတို့၏ဝမ်းမူကား ဟာနေလိမ့်မည်။
သုတ္တံကျမ်း 13 ကိုဖတ်ပါ။
နားထောင်ပါ။ သုတ္တံကျမ်း 13
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံကျမ်း 13:13-25
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို