YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 13:1-6

သုတ္တံကျမ်း 13:1-6 MSBU

ပညာရှိ​သော​သား​သည် ဖခင်​၏​ဆုံးမပဲ့ပြင်​ခြင်း​ကို နားထောင်​တတ်​၏​။ ပြက်ရယ်​ပြု​သော​သား​မူကား ဆုံးမ​စကား​ကို နား​မ​ထောင်​တတ်​။ လူ​သည် မိမိ​နှုတ်​၏​အသီးအပွင့်​မှ ကောင်း​သော​အရာ​ကို​စား​ရ​၏​။ သစ္စာမဲ့​သော​သူ​တို့​၏​စိတ်ဆန္ဒ​ကား ရက်စက်ကြမ်းကြုတ်မှု​ဖြစ်​၏​။ မိမိ​နှုတ်​ကို​စောင့်စည်း​သော​သူ​သည် မိမိ​အသက်​ကို​စောင့်ရှောက်​၏​။ နှုတ်​ဖွာ​သော​သူ​သည် ပျက်စီး​ခြင်း​သို့​ရောက်​ရ​လိမ့်မည်​။ ပျင်းရိ​သော​သူ​၏​စိတ်ဝိညာဉ်​သည် တောင့်တ​သော်လည်း မည်သည့်​အရာ​ကို​မျှ​မ​ရ​နိုင်​။ ဝီရိယ​ရှိ​သော​သူ​တို့​၏​စိတ်ဝိညာဉ်​မူကား ကြွယ်ဝ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​သည် မုသား​စကား​ကို မုန်း​၏​။ ဆိုးယုတ်​သော​သူ​မူကား စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၍ မျက်နှာပျက်​ရ​တတ်​၏​။ ဖြောင့်မတ်​ခြင်း​သည် တည်ကြည်​သော​လမ်း​သို့​လိုက်​သော​သူ​ကို ကာကွယ်​စောင့်ရှောက်​တတ်​၏​။ ဆိုးယုတ်​ခြင်း​မူကား အပြစ်သား​ကို မှားယွင်း​ချွတ်ချော်​စေ​တတ်​၏​။