စွန့်ကြဲသော်လည်း ဥစ္စာပို၍တိုးပွားသူရှိ၏။ ပေးသင့်သည့်အရာကိုပင် ဆုပ်ကိုင်ထားသော်လည်း ချို့တဲ့နွမ်းပါးခြင်းသို့ရောက်သူလည်းရှိ၏။ စိတ်စေတနာကောင်းသောသူသည် ကြွယ်ဝ၍ ရေလောင်းပေးသောသူသည် ကိုယ်တိုင်လည်း ရေလောင်းပေးခြင်းကိုခံရလိမ့်မည်။ ဂျုံစပါးသိုလှောင်ထားသောသူကို တိုင်းသူပြည်သားတို့ ကျိန်ဆဲကြလိမ့်မည်။ ရောင်းချပေးသောသူ၏ဦးခေါင်းအပေါ်၌မူကား ကောင်းချီးမင်္ဂလာရှိလိမ့်မည်။ ကောင်းမြတ်သောအရာကိုကြိုးစား၍ရှာသောသူသည် ကျေးဇူးကိုရှာတွေ့လိမ့်မည်။ မကောင်းမှုကိုရှာသောသူမူကား သူ့ထံသို့ မကောင်းမှုရောက်လာလိမ့်မည်။ မိမိ၏ဓနဥစ္စာကို ကိုးစားသောသူသည် ကျဆုံးလိမ့်မည်။ ဖြောင့်မတ်သောသူမူကား သစ်ရွက်ကဲ့သို့ ပွင့်လန်းဝေဆာလိမ့်မည်။
သုတ္တံကျမ်း 11 ကိုဖတ်ပါ။
နားထောင်ပါ။ သုတ္တံကျမ်း 11
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံကျမ်း 11:24-28
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ