ငါ့သား၊ အပြစ်သားတို့သည် သင့်ကိုသွေးဆောင်လျှင် မလိုက်လျောနှင့်။ အကယ်၍ သူတို့က “ငါတို့နှင့်အတူလိုက်ခဲ့လော့။ တစ်စုံတစ်ယောက်ကိုသတ်ဖြတ်ရန် ငါတို့ချောင်းမြောင်းကြစို့။ အကြောင်းမရှိဘဲ အပြစ်ကင်းသောသူကို ပုန်းအောင်းတိုက်ခိုက်ကြစို့။ မရဏာနိုင်ငံကဲ့သို့ သူတို့ကို အရှင်လတ်လတ်ဝါးမျိုလျက် သေတွင်းထဲသို့ တစ်ကိုယ်လုံးဆင်းသွားရသူများကဲ့သို့ ဖြစ်စေကြစို့။ ငါတို့သည် အဖိုးတန်သောစည်းစိမ်ဥစ္စာမျိုးစုံကို တွေ့ရှိ၍ လုယက်ပစ္စည်းများဖြင့် ငါတို့အိမ်ကိုပြည့်စေကြမည်။ ငါတို့နှင့် ဆိုးတူကောင်းဖက်ပူးပေါင်းလော့။ ငါတို့အားလုံး ပိုက်ဆံအိတ်တစ်အိတ်တည်းထဲမှ ဝေမျှသုံးစွဲကြစို့”ဟု ဆိုလျှင်လည်း ငါ့သား၊ သူတို့နှင့်အတူ ထိုလမ်းကိုမလိုက်နှင့်။ သူတို့သွားရာလမ်းသို့မလိုက်မိစေရန် သင်၏ခြေကိုထိန်းချုပ်လော့။ အကြောင်းမူကား သူတို့၏ခြေသည် မကောင်းမှုပြုရာသို့ပြေးသွား၍ သူတို့သည် လူကိုသတ်ဖြတ်ရန် လျင်မြန်ကြ၏။
သုတ္တံကျမ်း 1 ကိုဖတ်ပါ။
နားထောင်ပါ။ သုတ္တံကျမ်း 1
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သုတ္တံကျမ်း 1:10-16
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ