YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိမှတ်စာ 2:6-9

နေဟမိမှတ်စာ 2:6-9 MSBU

ထိုအခါ မိဖုရား​နှင့်အတူ​ထိုင်​နေ​သော​ရှင်ဘုရင်​က “​သင့်​ခရီးစဉ် မည်မျှ​ကြာ​မည်နည်း​။ မည်သည့်​အချိန်​၌ ပြန်လာ​မည်နည်း​”​ဟု ငါ့​အား မေးမြန်း​လျှင် ငါ​သည် ကြာ​မည့်​အချိန်​ကို ပြောပြ​ရာ မင်းကြီး​က သဘောတူ​သဖြင့် ငါ့​ကို ပြန်ခွင့်​ပြု​၏​။ ထို့ပြင် ရှင်ဘုရင်​အား “​အရှင်မင်းကြီး အလို​တော်​ရှိ​လျှင် ယုဒ​ပြည်​သို့​ပြန်သွား​ရာ​တွင် ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​ကို​ဖြတ်သန်း​ခွင့်​ပြု​ရန် ထို​ဒေသ​၏​ဘုရင်ခံ​တို့​ထံ အမိန့်စာ​ကို ပါးလိုက်​တော်မူ​ပါ​။ ထို့ပြင် အိမ်​တော်​နား​ရှိ ရဲတိုက်​တံခါး​များ​၊ မြို့​တံတိုင်း​နှင့် အကျွန်ုပ်​နေ​ဖို့​အိမ်​တို့​ကို ဆောက်လုပ်​ရန် သစ်​များ​ကို​ပေး​မည့်​အကြောင်း အရှင်မင်းကြီး​၏​သစ်တောဝန်​အာသပ်​ထံ အမိန့်စာ​ကို ပါးလိုက်​တော်မူ​ပါ​”​ဟု တောင်းလျှောက်​ရာ ဘုရားသခင်​သည် ငါ​နှင့်အတူ​ရှိ​၍ ကျေးဇူး​ပြု​တော်မူ​သောကြောင့် ရှင်ဘုရင်​သည် ငါ​တောင်းဆို​သည့်​အတိုင်း ပြု​ပေး​၏​။ ငါ​သည် ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​ရှိ ဘုရင်ခံ​တို့​ထံသို့​ရောက်​သောအခါ ရှင်ဘုရင်​၏​အမိန့်စာ​ကို သူ​တို့​အား ပေး​၏​။ ရှင်ဘုရင်​သည် ငါ​နှင့်အတူ စစ်သူကြီး​များ​၊ မြင်းစီးသူရဲ​များ​ကို​လည်း စေလွှတ်​ပေး​ခဲ့​၏​။