YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိမှတ်စာ 2:17-18

နေဟမိမှတ်စာ 2:17-18 MSBU

ထို့နောက်မှ ငါ​က “​ငါ​တို့​ခံရ​သော​ဒုက္ခ​ကို သင်​တို့​တွေ့​ပြီ​လော​။ ဂျေရုဆလင်​မြို့​လည်း ပျက်စီး​ပြီ​။ မြို့​တံခါး​များ​လည်း မီး​လောင်ကျွမ်း​ပြီ​။ လာ​ကြ​။ နောက်ထပ် ကဲ့ရဲ့ရှုတ်ချ​မ​ခံရ​အောင် ဂျေရုဆလင်​မြို့ရိုး​ကို ပြန်လည်​တည်ဆောက်​ကြ​စို့​”​ဟု သူ​တို့​အား ဆို​၏​။ ထို့ပြင် ဘုရားသခင်​သည် ငါ​နှင့်အတူ​ရှိ​၍ ကျေးဇူး​ပြု​တော်မူ​ကြောင်း​နှင့် ငါ့​အား ရှင်ဘုရင် ပြော​ခဲ့​သော​စကား​များ​ကို သူ​တို့​အား​ပြောပြ​သောအခါ သူ​တို့​က “​ငါ​တို့ ထ​၍​တည်ဆောက်​ကြ​စို့​”​ဟု ဆို​လျက် ထို​ကောင်းသောအမှု​ကို အားတက်သရော စတင်​လုပ်ဆောင်​ကြ​၏​။