YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိမှတ်စာ 13:1-2

နေဟမိမှတ်စာ 13:1-2 MSBU

ထို​နေ့​၌ မောရှေ​၏​ပညတ္တိကျမ်း​ကို​လူ​တို့ ကြားသိ​အောင် ဖတ်ပြ​ရာ​တွင် “အမ္မုန်​လူမျိုး​နှင့် မောဘ​လူမျိုး​တို့​သည် ဘုရားသခင်​၏​လူမျိုး​တော်​စာရင်း​တွင် ဘယ်သောအခါ​မျှ​ဝင်​ခွင့်​မ​ရှိ​စေ​ရ”​ဟု ရေးသား​ထား​သည်​ကို တွေ့ရှိ​ရ​၏​။ အကြောင်းမှာ သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို အစာ​ရေစာ​ဖြင့်​ဧည့်​မ​ခံ​ဘဲ ဗာလမ်​ကို​ငှားရမ်း​၍ ကျိန်ဆဲ​စေ​ခဲ့​၏​။ သို့သော် ငါ​တို့​၏​ဘုရားသခင်​သည် ကျိန်ဆဲ​ခြင်း​ကို ကောင်းချီးမင်္ဂလာ​ဖြစ်​စေ​တော်မူ​၏​။