YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 8:22-26

ရှင်မာကုခရစ်ဝင် 8:22-26 MSBU

သူ​တို့​သည် ဗက်ဇဲဒ​မြို့​သို့​ရောက်​ကြ​သောအခါ လူ​တို့​သည် မျက်မမြင်​တစ်​ဦး​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​၍ သူ့​ကို​တို့ထိ​တော်မူ​ရန် ကိုယ်တော်​အား​တောင်းပန်​ကြ​၏။ ကိုယ်တော်​သည် မျက်မမြင်​၏​လက်​ကို​ဆွဲ​၍ ရွာ​အပြင်​သို့​ခေါ်သွား​တော်မူ​ပြီးလျှင် သူ​၏​မျက်စိ​ပေါ်သို့ တံတွေး​ထွေး​ကာ သူ့​အပေါ်​လက်​တော်​တင်​လျက်“တစ်စုံတစ်ခု​ကို​မြင်​ရ​သလော”​ဟု မေး​တော်မူ​၏။ သူ​သည် မော့ကြည့်​လျက် “လူ​တို့​ကို​မြင်​ရ​ပါ​၏။ သစ်ပင်​များ​ကဲ့သို့​ဖြစ်​ကြ​ပြီး လမ်းလျှောက်​နေ​ကြ​သည်​ကို မြင်​ရ​ပါ​၏”​ဟု လျှောက်​လေ​၏။ ထို့နောက် ကိုယ်တော်​သည် သူ​၏​မျက်စိ​ပေါ်သို့ လက်​တော်​ကို တစ်ဖန်​တင်​တော်မူ​၏။ ထိုအခါ သူ​သည် ရှင်းလင်း​စွာ​မြင်​ရ​၍ အကောင်း​ပကတိ​ဖြစ်လာ​၏​။ အလုံးစုံ​ကို​လည်း ကြည်လင်​စွာ​မြင်​ရ​လေ​၏။ ကိုယ်တော်​က​လည်း“ရွာ​ထဲသို့​မ​ဝင်​နှင့်”​ဟု မိန့်​တော်မူ​ပြီး သူ့​ကို မိမိ​အိမ်​သို့ ပြန်လွှတ်​တော်မူ​၏။