YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 6:17-20

ရှင်မာကုခရစ်ဝင် 6:17-20 MSBU

ထိုသို့​ဆို​သည့်​အကြောင်းမှာ ဟေရုဒ်​သည် မိမိ​အစ်ကို ဖိလိပ္ပု​၏​ဇနီး ဟေရောဒိ​ကိစ္စ​ကြောင့် သူ​ကိုယ်တိုင်​လူ​လွှတ်​၍ ယောဟန်​ကို​ဖမ်းဆီး​ကာ ထောင်​ထဲ၌ ချုပ်နှောင်​ထား​၏။ အဘယ်ကြောင့်​ဆိုသော် ဟေရုဒ်​သည် ထို​မိန်းမ​နှင့်​ထိမ်းမြား​စုံဖက်​သဖြင့် ယောဟန်​က “သင်​သည် အစ်ကို​၏​ဇနီး​ကို​သိမ်းယူ​ခြင်း​မှာ တရား​တော်​နှင့်​မ​ညီ​ပါ”​ဟု ပြော​ခဲ့​သောကြောင့်​ဖြစ်​၏။ ဟေရောဒိ​သည် ယောဟန်​ကို​ရန်ငြိုး​ထား​လျက် သတ်​လို​သော်လည်း အခွင့်​မ​ရ​ခဲ့​ချေ။ အကြောင်းမူကား ယောဟန်​သည် ဖြောင့်မတ်​သန့်ရှင်း​သူ​ဖြစ်​ကြောင်း ဟေရုဒ်​သည်​သိ​၍ သူ့​ကို​ကြောက်ရွံ့​ရိုသေ​လျက် စောင့်ရှောက်​ထား​သည့်အပြင် ယောဟန်​၏​စကား​ကို​ကြား​ရ​သည့်အခါ အလွန်​စိတ်အနှောင့်အယှက်​ဖြစ်​တတ်​သော်လည်း ဝမ်းမြောက်​စွာ​နားထောင်​လေ့​ရှိ​သောကြောင့်​ဖြစ်​၏။