ထို့နောက် ယေရှုသည် ထိုနေရာမှထွက်ခွာ၍ မိမိ၏နေရင်းမြို့သို့ကြွတော်မူ၏။ တပည့်တော်တို့သည်လည်း နောက်တော်သို့လိုက်ကြ၏။ ဥပုသ်နေ့ရောက်သောအခါ ဝတ်ပြုစည်းဝေးကျောင်း၌ သွန်သင်တော်မူရာ ကြားနာသူများစွာတို့သည် အံ့အားသင့်လျက် “ဤသူသည် ဤအရာများကို အဘယ်ကရသနည်း။ ဤသူရသည့်ဉာဏ်ပညာနှင့် သူ့လက်ဖြင့်ပြုသော တန်ခိုးလက္ခဏာများကား မည်သို့နည်း။ သူသည် လက်သမားမဟုတ်လော။ မာရိ၏သားဖြစ်ပြီး ယာကုပ်၊ ယောသေ၊ ယုဒနှင့်ရှိမုန်တို့၏အစ်ကိုမဟုတ်လော။ သူ၏နှမများသည်လည်း ငါတို့နှင့်အတူ ဤအရပ်၌ရှိကြသည်မဟုတ်လော”ဟု ပြောဆိုကာ ကိုယ်တော်အပေါ်ဘဝင်မကျဖြစ်ကြ၏။ ယေရှုကလည်း“ပရောဖက်သည် မိမိ၏နေရင်းမြို့၊ မိမိ၏ဆွေမျိုးများကြားနှင့် မိမိ၏အိမ်တို့မှတစ်ပါး မည်သည့်အရပ်၌မျှ ဂုဏ်သရေမဲ့သည်ဟူ၍မရှိ”ဟု မိန့်တော်မူ၏။ ကိုယ်တော်သည် မကျန်းမာသောသူအနည်းငယ်တို့အပေါ် လက်တော်တင်လျက် ကျန်းမာစေခဲ့ခြင်းမှတစ်ပါး ထိုနေရာ၌ မည်သည့်တန်ခိုးလက္ခဏာကိုမျှမပြုနိုင်ခဲ့ပေ။ ကိုယ်တော်သည် သူတို့၏မယုံကြည်မှုအတွက် အံ့သြတော်မူ၏။ ဤသို့ဖြင့် ဝန်းကျင်ရှိကျေးရွာများသို့ လှည့်လည်၍သွန်သင်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်၍ နှစ်ဦးစီ၊ နှစ်ဦးစီစေလွှတ်ကာ သူတို့အား ညစ်ညူးသောနတ်တို့ကို နိုင်ရသောအခွင့်အာဏာကိုပေးတော်မူ၏။ ထို့ပြင် လမ်းခရီးအတွက် တောင်ဝှေးတစ်ချောင်းမှတစ်ပါး မည်သည့်အရာကိုမျှမယူသွားကြရန်နှင့် အစားအစာ၊ လွယ်အိတ်၊ ကြေးဒင်္ဂါးတို့ကိုလည်း ခါးပန်း၌မထည့်သွားဘဲ ဖိနပ်ကိုသာစီး၍ အင်္ကျီကိုလည်း နှစ်ထပ်မဝတ်သွားကြရန် မိန့်မှာတော်မူ၏။ တစ်ဖန် သူတို့အား“မည်သည့်အရပ်တွင်မဆို အိမ်တစ်အိမ်သို့ သင်တို့ဝင်ကြသောအခါ ထိုအရပ်မှပြန်လည်ထွက်ခွာသည့်တိုင်အောင် ထိုအိမ်၌တည်းခိုကြလော့။ မည်သည့်အရပ်၌မဆို သင်တို့ကိုလက်မခံ၊ သင်တို့၏စကားကိုလည်းနားမထောင်လျှင် ထိုအရပ်မှထွက်ခွာကြစဉ် သူတို့တစ်ဖက်၌ သက်သေဖြစ်စေရန် သင်တို့၏ခြေဖဝါးမှမြေမှုန့်ကို ခါချခဲ့ကြလော့”ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည်ထွက်သွား၍ လူတို့နောင်တရကြမည့်အကြောင်း ဟောပြောကြ၏။ သူတို့သည် များစွာသောနတ်ဆိုးတို့ကိုနှင်ထုတ်ကာ မကျန်းမာသောသူများစွာတို့ကို ဆီလိမ်း၍ကျန်းမာစေကြ၏။ ကိုယ်တော်၏နာမတော်သည် ထင်ပေါ်ကျော်ကြားလာသဖြင့် ဟေရုဒ်မင်း၏နားတော်သို့ရောက်လေ၏။ လူအချို့တို့က “ဗတ္တိဇံဆရာယောဟန်သည် သေသောသူတို့ထဲမှ ထမြောက်လေပြီ။ ထို့ကြောင့် သူ၌ တန်ခိုးလက္ခဏာများထင်ရှားနေ၏”ဟု ဆိုကြ၏။ အချို့တို့ကလည်း “သူသည် ဧလိယဖြစ်၏”ဟု ဆိုကြပြီး အချို့တို့ကလည်း “ရှေးပရောဖက်များတစ်ပါးပါးကဲ့သို့သောပရောဖက်ဖြစ်၏”ဟု ဆိုကြ၏။ ဟေရုဒ်သည်ကြားလျှင် “ငါခေါင်းဖြတ်ကွပ်မျက်ခဲ့သောယောဟန်သည် ထမြောက်လေပြီ”ဟု ဆို၏။ ထိုသို့ဆိုသည့်အကြောင်းမှာ ဟေရုဒ်သည် မိမိအစ်ကို ဖိလိပ္ပု၏ဇနီး ဟေရောဒိကိစ္စကြောင့် သူကိုယ်တိုင်လူလွှတ်၍ ယောဟန်ကိုဖမ်းဆီးကာ ထောင်ထဲ၌ ချုပ်နှောင်ထား၏။ အဘယ်ကြောင့်ဆိုသော် ဟေရုဒ်သည် ထိုမိန်းမနှင့်ထိမ်းမြားစုံဖက်သဖြင့် ယောဟန်က “သင်သည် အစ်ကို၏ဇနီးကိုသိမ်းယူခြင်းမှာ တရားတော်နှင့်မညီပါ”ဟု ပြောခဲ့သောကြောင့်ဖြစ်၏။ ဟေရောဒိသည် ယောဟန်ကိုရန်ငြိုးထားလျက် သတ်လိုသော်လည်း အခွင့်မရခဲ့ချေ။ အကြောင်းမူကား ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသူဖြစ်ကြောင်း ဟေရုဒ်သည်သိ၍ သူ့ကိုကြောက်ရွံ့ရိုသေလျက် စောင့်ရှောက်ထားသည့်အပြင် ယောဟန်၏စကားကိုကြားရသည့်အခါ အလွန်စိတ်အနှောင့်အယှက်ဖြစ်တတ်သော်လည်း ဝမ်းမြောက်စွာနားထောင်လေ့ရှိသောကြောင့်ဖြစ်၏။ သို့သော် အခွင့်ကောင်းရောက်လာလေ၏။ ဟေရုဒ်သည် မိမိ၏မွေးနေ့၌ မှူးကြီးမတ်ရာများ၊ တပ်မှူးကြီးများနှင့် ဂါလိလဲနယ်၏ခေါင်းဆောင်များအတွက် ညစာစားပွဲကျင်းပသောအခါ
ရှင်မာကုခရစ်ဝင် 6 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကုခရစ်ဝင် 6
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကုခရစ်ဝင် 6:1-21
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ