YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 5:1-8

ရှင်မာကုခရစ်ဝင် 5:1-8 MSBU

ထို့နောက် သူ​တို့​သည် ပင်လယ်​တစ်ဖက်ကမ်း​ရှိ ဂါရစ​နယ်​သို့​ရောက်​ကြ​၏။ ယေရှု​သည် လှေ​ပေါ်မှ​ဆင်း​တော်မူ​သည့်​ခဏချင်း​တွင် ညစ်ညူး​သော​နတ်​ပူး​နေ​သည့် လူ​တစ်​ဦး​သည် သင်္ချိုင်း​မှ​ထွက်လာ​၍ ကိုယ်တော်​ကို​ဆီးကြို​လေ​၏။ ထို​သူ​သည် သင်္ချိုင်း​၌​နေ​တတ်​ပြီး မည်သူမျှ သူ့​ကို သံကြိုး​နှင့်​ပင်​ချည်နှောင်​ထား​၍ မ​ရ​နိုင်​ချေ။ အဘယ်ကြောင့်​ဆိုသော် သူ့​ကို ခြေချင်း​နှင့်​သံကြိုး​တို့​ဖြင့် အကြိမ်ကြိမ်​ချည်နှောင်​ခဲ့​ကြ​သော်လည်း သူ​သည် သံကြိုး​များ​ကို​ဆွဲဖြတ်​ကာ ခြေချင်း​များ​ကို အပိုင်းပိုင်း​ကျိုးပဲ့​စေ​သောကြောင့် မည်သူမျှ သူ့​ကို မ​ထိန်းချုပ်​နိုင်​ကြ​ချေ။ သူ​သည် သင်္ချိုင်း​၌​လည်းကောင်း၊ တောင်​ပေါ်၌​လည်းကောင်း နေ့​ည​မပြတ်​အော်ဟစ်​လျက် ကျောက်တုံး​များ​ဖြင့် မိမိကိုယ်ကို​အနာတရ​ဖြစ်​စေ​၏။ သူ​သည် ယေရှု​ကို​အဝေး​မှ​မြင်​လျှင် ပြေး​လာ​၍ ကိုယ်တော်​ကို​ရှိခိုး​ကာ “အမြင့်ဆုံး​သော​ဘုရားသခင်​၏​သား​တော်​ယေရှု၊ ကိုယ်တော်​နှင့် အကျွန်ုပ်​မည်သို့​ဆိုင်​သနည်း။ အကျွန်ုပ်​ကို​မ​ညှဉ်းဆဲ​ပါ​ရန် ဘုရားသခင်​ကို​အမှီပြု​၍ ကိုယ်တော်​အား အကျွန်ုပ်​အလေးအနက်​တောင်းပန်​ပါ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် အော်ဟစ်​လျှောက်ထား​လေ​၏။ ထိုသို့​လျှောက်ထား​ခြင်း​မှာ ကိုယ်တော်​သည် ထို​သူ​အား“ညစ်ညူး​သော​နတ်၊ ဤ​လူ​ထဲမှ ထွက်သွား​လော့”​ဟု မိန့်​တော်မူ​သောကြောင့်​ဖြစ်​၏။

Video for ရှင်မာကုခရစ်ဝင် 5:1-8