YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 16:14-17

ရှင်မာကုခရစ်ဝင် 16:14-17 MSBU

ထို့နောက် ကိုယ်တော်​သည် စားပွဲ​၌​ထိုင်​နေ​သော​တပည့်​တော်​တစ်ဆယ့်တစ်​ပါး​တို့​အား ကိုယ်​ထင်ရှား​ပြ​တော်မူ​၍ ထမြောက်​တော်မူ​သော​ကိုယ်တော်​အား တွေ့မြင်​သော​သူ​တို့​၏​စကား​ကို သူ​တို့​မ​ယုံ​ကြ​သောကြောင့် သူ​တို့​၏​မ​ယုံကြည်​မှု​နှင့် စိတ်နှလုံး​မာကျော​မှု​တို့​ကို ပြစ်တင်​ဆုံးမ​တော်မူ​၏။ ထို့နောက် ကိုယ်တော်​က“ကမ္ဘာ​အနှံ့အပြား​သို့​သွား​၍ ဖန်ဆင်း​ခံ​လောက​တစ်ခုလုံး​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ကြ​လော့။ ယုံကြည်​၍ ဗတ္တိဇံ​ခံ​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။ မ​ယုံကြည်​သော​သူ​မူကား ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။ ယုံကြည်​သော​သူ​တို့​နှင့်အတူ ယှဉ်တွဲ​လျက်​ရှိ​ကြ​မည့်​နိမိတ်​လက္ခဏာ​များ​ဟူမူကား သူ​တို့​သည် ငါ​၏​နာမ​ဖြင့် နတ်ဆိုး​တို့​ကို​နှင်ထုတ်​ကြ​လိမ့်မည်။ အသစ်​သော​ဘာသာ​စကား​များ​ကို​ပြော​ကြ​လိမ့်မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။