YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 14:17-25

ရှင်မာကုခရစ်ဝင် 14:17-25 MSBU

ညနေချမ်း​အချိန်​ရောက်​သောအခါ ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​နှင့်အတူ ကြွလာ​တော်မူ​၏။ ထို့နောက် သူ​တို့​သည် စားပွဲ​၌​ထိုင်​လျက် စားသောက်​နေ​ကြ​စဉ် ယေရှု​က“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ငါ​နှင့်အတူ​စား​နေ​သော သင်​တို့​အထဲမှ​တစ်​ဦး​သည် ငါ့​ကို​အပ်နှံ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ သူ​တို့​သည် စိတ်မကောင်း​ဖြစ်​လျက် “အကျွန်ုပ်​လော”​ဟု ကိုယ်တော်​အား တစ်ယောက်​ပြီး​တစ်ယောက်​မေးလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“တစ်ဆယ့်နှစ်​ပါး​သော​သူ​တို့​ထဲမှ တစ်​ဦး​ဖြစ်​ပြီး ငါ​နှင့်အတူ​တစ်​ပန်းကန်​ထဲတွင် လက်​နှိုက်​သော​သူ​ဖြစ်​၏။ လူ့သား​သည် မိမိ​နှင့်​ပတ်သက်၍​ရေး​ထား​သည့်​အတိုင်း သွား​ရ​မည်​မှန်​၏။ သို့သော် လူ့သား​ကို​အပ်နှံ​သော​သူ​သည် အမင်္ဂလာရှိ​၏။ ထို​သူ​သည် မ​မွေးဖွား​လာ​ခဲ့​လျှင် သူ့​အတွက် သာ၍​ကောင်း​ပေ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် သူ​တို့​စား​လျက်​နေ​ကြ​စဉ် ကိုယ်တော်​သည် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ သူ​တို့​အား​ပေး​လျက်“ယူ​ကြ​လော့။ ဤ​မုန့်​ကား ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ခွက်​ကို​လည်း​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် သူ​တို့​အား ပေး​တော်မူ​ရာ သူ​တို့​အားလုံး​သည် ထို​ခွက်​ကို​သောက်​ကြ​၏။ ကိုယ်တော်​က​လည်း“ဤသည်ကား လူ​များစွာ​အဖို့​သွန်းလောင်း​သည့် ပဋိညာဉ်​နှင့်ဆိုင်သော ငါ​၏​သွေး​ဖြစ်​၏။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဘုရားသခင်​၏​နိုင်ငံ​တော်​၌ အသစ်​ပြန်​သောက်​မည့် ထို​နေ့ရက်​တိုင်အောင် စပျစ်​သီး​မှ​ဖြစ်​သော​အရည်​ကို ငါ​လုံးဝ​သောက်​တော့မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။

​ရှင်မာကုခရစ်ဝင် 14:17-25 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။