ပသခါပွဲတော်နှင့် တဆေးမဲ့မုန့်ပွဲတော်များကျရောက်ရန် နှစ်ရက်သာလိုတော့၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများသည် ယေရှုကို ပရိယာယ်အားဖြင့် မည်ကဲ့သို့ဖမ်းဆီးသတ်ဖြတ်ရမည်ကို ရှာကြံနေကြ၏။ သို့သော် သူတို့က “လူတို့ရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်ရသည်ဖြစ်၍ ပွဲတော်အတွင်း မဖမ်းကြနှင့်”ဟု ပြောဆိုကြ၏။ ယေရှုသည် ဗေသနိရွာတွင် အနာကြီးရောဂါသည်ရှိမုန်၏အိမ်ထဲ၌ထိုင်၍ စားသောက်နေတော်မူစဉ် အမျိုးသမီးတစ်ဦးသည် အလွန်တန်ဖိုးကြီးသော နာဒုဆီမွှေးအစစ်ထည့်ထားသည့် ကျောက်ဖြူဘူးကိုယူဆောင်လာ၍ ထိုကျောက်ဖြူဘူးကိုခွဲပြီးလျှင် ကိုယ်တော်၏ခေါင်းပေါ်၌ ဆီမွှေးကို သွန်းလောင်းလေ၏။ ထိုအခါ လူအချို့တို့သည် စိတ်ဆိုးလျက် “အဘယ်ကြောင့် ဤဆီမွှေးကို ဖြုန်းတီးရသနည်း။ ဤဆီမွှေးကို ဒေနာရိသုံးရာကျော်နှင့်ရောင်း၍ ဆင်းရဲသားတို့ကို ပေးကမ်းနိုင်သည်”ဟု အချင်းချင်းပြောဆိုကာ ထိုအမျိုးသမီးကိုအပြစ်တင်ကြ၏။ သို့သော် ယေရှုက“သူပြုလိုရာပြုပါစေ။ သူ့ကို အဘယ်ကြောင့်နှောင့်ယှက်ကြသနည်း။ သူသည် ငါ၌ကောင်းသောအမှုကိုပြုလေပြီ။ အကြောင်းမူကား ဆင်းရဲသားတို့သည် သင်တို့၌ အစဉ်ရှိကြသည်ဖြစ်၍ သင်တို့အလိုရှိသည့်အခါ သူတို့ကိုကျေးဇူးပြုနိုင်၏။ ငါမူကား သင်တို့၌ အစဉ်ရှိသည်မဟုတ်။ သူသည် တတ်နိုင်သမျှကိုပြုခဲ့ပြီ။ သင်္ဂြိုဟ်ခြင်းအမှုအတွက် ငါ၏ကိုယ်ခန္ဓာကို ကြိုတင်၍ဆီမွှေးလိမ်းပြီ။ သင်တို့အား ငါအမှန်ဆိုမည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ကောင်းမြတ်သောသတင်းကို ဟောပြောသည့်နေရာတိုင်း၌ ဤအမျိုးသမီးပြုခဲ့သောအမှုအရာကိုလည်း သူ၏အမှတ်တရအဖြစ် ပြောကြားကြလိမ့်မည်”ဟု မိန့်တော်မူ၏။ ထို့နောက် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှတစ်ပါးဖြစ်သော ယုဒဣရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးအကဲများလက်သို့ ကိုယ်တော်ကိုအပ်နှံရန် သူတို့ထံသို့သွားလေ၏။ သူတို့သည်ကြားလျှင် ဝမ်းမြောက်၍ သူ့ကိုငွေပေးမည်ဟု ကတိပေးကြ၏။ သူသည်လည်း သင့်လျော်သောအချိန်၌ ကိုယ်တော်ကိုအပ်နှံနိုင်ရန် နည်းလမ်းကိုရှာကြံလျက်နေ၏။
ရှင်မာကုခရစ်ဝင် 14 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကုခရစ်ဝင် 14
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကုခရစ်ဝင် 14:1-11
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ