YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 1:1-9

ရှင်မာကုခရစ်ဝင် 1:1-9 MSBU

ဘုရားသခင်​၏​သား​တော် ယေရှု​ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​အစ​မှာ ဤသို့​ဖြစ်​၏။ “ကြည့်ရှု​လော့။ သင်​၏​လမ်း​ကို​ပြင်ဆင်​မည့် ငါ​၏​စေတမန်​ကို သင့်​ထက်​အလျင် ဦးစွာ​ငါ​စေလွှတ်​မည်။” “တော​ကန္တာရ​၌ ဟစ်ကြော်​သော​အသံ​မှာ ထာဝရ​ဘုရား​၏​လမ်း​တော်​ကို ပြင်ဆင်​ကြ​လော့။ ကိုယ်တော်​၏​လမ်းကြောင်း​များ​ကို ဖြောင့်တန်း​စေ​ကြ​လော့”​ဟု ပရောဖက်​ဟေရှာယ​၏​ကျမ်း​တွင် ရေး​ထား​သည်​နှင့်အညီ ယောဟန်​သည်​ပေါ်ထွန်း​လာ​၍ တော​ကန္တာရ​၌ ဗတ္တိဇံ​ပေး​ကာ အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အတွက် နောင်တ​နှင့်ဆိုင်သော​ဗတ္တိဇံ​တရား​ကို ဟောပြော​လေ​၏။ ထိုအခါ ယုဒ​နယ်​တစ်​နယ်​လုံး​မှ​လူ​များ​နှင့် ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​သည် ယောဟန်​ထံသို့​သွား​၍ မိမိ​တို့​၏​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျက် ဂျော်ဒန်​မြစ်​တွင် သူ့​ထံ၌​ဗတ္တိဇံ​ခံ​ကြ​၏။ ယောဟန်​သည် ကုလားအုတ်​အမွေး​ဖြင့်​လုပ်​ထား​သော​အဝတ်​ကို​ဝတ်​၍ ခါး​၌​သားရေ​ခါးပန်း​ကို​စည်း​ကာ ကျိုင်းကောင်​နှင့်​တော​ပျားရည်​တို့​ကို​စား​လျက်​နေ​၏။ ယောဟန်​က “ငါ့​ထက်​ကြီးမြတ်​သော​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​မည်။ ထို​အရှင်​၏​ခြေနင်း​တော်​ကြိုး​ကို ငုံ့​၍​ဖြေ​ပေး​ရန်​ပင် ငါ​သည်​မ​ထိုက်တန်။ ငါ​သည် သင်​တို့​ကို ရေ​၌​ဗတ္တိဇံ​ပေး​သော်လည်း ထို​အရှင်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​၌ သင်​တို့​ကို​ဗတ္တိဇံ​ပေး​တော်မူ​လိမ့်မည်”​ဟု ဟောပြော​လေ​၏။ ထို​နေ့ရက်​ကာလ​၌ ယေရှု​သည် ဂါလိလဲ​နယ်၊ နာဇရက်​မြို့​မှ​ကြွလာ​၍ ဂျော်ဒန်​မြစ်​တွင် ယောဟန်​ထံ၌ ဗတ္တိဇံ​ခံ​တော်မူ​၏။

ရှင်မာကုခရစ်ဝင် 1:1-9 အကြောင်း ဗီဒီယိုများ