YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 9:35-38

ရှင်မဿဲခရစ်ဝင် 9:35-38 MSBU

ထို့နောက် ယေရှု​သည် မြို့​ရွာ​အားလုံး​ကို​လှည့်လည်​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ သွန်သင်​လျက် နိုင်ငံ​တော်​နှင့်ဆိုင်သည့်​ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ကာ ရောဂါ​အမျိုးမျိုး​နှင့် အဖျားအနာ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေ​တော်မူ​၏။ ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​ကို​မြင်​လျှင် သူ​တို့​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့ ပစ်ထား​ခြင်း​ခံရ​၍ စိတ်​ပင်ပန်း​နွမ်းနယ်​နေ​ကြ​သောကြောင့် သူ​တို့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၏။ ထိုအခါ ကိုယ်တော်​က“ရိတ်သိမ်း​စရာ​များစွာ​ရှိ​သော်လည်း လုပ်သား​တို့​သည်​နည်း​လှ​၏။ ထို့ကြောင့် ရိတ်သိမ်း​ခြင်း​အတွက် လုပ်သား​များ​ကို စေလွှတ်​ပေး​တော်မူ​ရန် ရိတ်သိမ်း​ခြင်း​၏​အရှင်​ထံ ဆုတောင်း​ကြ​လော့”​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။

Video for ရှင်မဿဲခရစ်ဝင် 9:35-38