YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 9:27-31

ရှင်မဿဲခရစ်ဝင် 9:27-31 MSBU

ယေရှု​သည် ထို​အရပ်​မှ​ကြွ​တော်မူ​စဉ် မျက်မမြင်​နှစ်​ဦး​တို့​သည် “ဒါဝိဒ်​၏​သား​တော်၊ အကျွန်ုပ်​တို့​ကို သနား​တော်မူ​ပါ”​ဟု အော်ဟစ်​လျက်​ကိုယ်တော်​၏​နောက်​မှ​လိုက်​လာ​ကြ​၏။ အိမ်​ထဲသို့ ဝင်​တော်မူ​သောအခါ ထို​မျက်မမြင်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​ကြ​၏။ ယေရှု​က​လည်း“ဤ​အရာ​ကို ငါ​လုပ်​နိုင်​သည်​ဟု သင်​တို့​ယုံကြည်​ကြ​သလော”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ယုံကြည်​ပါ​၏ သခင်​ဘုရား”​ဟု ပြန်​လျှောက်​ကြ​၏။ ထိုအခါ ယေရှု​သည် သူ​တို့​၏​မျက်စိ​ကို​တို့​လျက်“သင်​တို့​၏​ယုံကြည်​ခြင်း​အတိုင်း သင်​တို့​၌​ဖြစ်​စေ”​ဟု မိန့်​တော်မူ​သော် သူ​တို့​သည် မျက်စိ​မြင်​လာ​လေ​၏။ ယေရှု​က​လည်း“မည်သူ​မျှ​မ​သိ​စေရန် သတိပြု​ကြ​လော့”​ဟု သူ​တို့​အား တင်းကျပ်​စွာ​မှာကြား​တော်မူ​၏။ သို့သော် သူ​တို့​သည် ထွက်သွား​၍ ကိုယ်တော်​၏​သတင်း​ကို ထို​နယ်​တစ်နယ်လုံး​၌ ပျံ့နှံ့​စေ​ကြ​၏။

​ရှင်မဿဲခရစ်ဝင် 9:27-31 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။