YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 2:16-18

ရှင်မဿဲခရစ်ဝင် 2:16-18 MSBU

ထို့နောက် ဟေရုဒ်​မင်းကြီး​သည် နက္ခတ်​ပညာရှင်​တို့​၏​မထီလေးစား​ပြု​ခြင်း​ကို​ခံရ​ကြောင်း​သိ​လျှင် အမျက်​ပြင်းထန်​စွာ​ထွက်​၍ နက္ခတ်​ပညာရှင်​တို့​ထံမှ သေချာ​စွာ​လေ့လာ​စိစစ်​ထား​သည့်​အချိန်​ကာလ​အရ ဗက်လင်​မြို့​နှင့် ၎င်း​အရပ်​ဒေသ​တစ်ဝိုက်​တွင်​ရှိ​သော အသက်​နှစ်​နှစ်​နှင့် နှစ်​နှစ်​အောက်​ယောက်ျားလေး​အားလုံး​တို့​ကို သတ်​စေ​၏။ ထိုအခါ “ရာမ​မြို့​၌ သည်းထန်​သော​ငိုကြွေး​ခြင်း​နှင့်​မြည်တမ်း​ခြင်း​အသံ​ကို ကြား​ရ​၏။ ရာခေလ​သည် သူ​၏​ကလေး​များ​အတွက်​ငိုကြွေး​ကာ ကလေး​တို့​မ​ရှိ​ကြ​တော့​သည်​ဖြစ်၍ နှစ်သိမ့်​ပေး​ခြင်း​ကို​အလို​မ​ရှိ”​ဟု ပရောဖက်​ယေရမိ​အားဖြင့် မိန့်​တော်မူ​သော​အရာ​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​လေ​၏။

ရှင်မဿဲခရစ်ဝင် 2:16-18 အကြောင်း ဗီဒီယိုများ

​ရှင်မဿဲခရစ်ဝင် 2:16-18 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။