YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 16:21-23

ရှင်မဿဲခရစ်ဝင် 16:21-23 MSBU

ထို​အချိန်​မှစ၍ ယေရှု​က မိမိ​သည် ဂျေရုဆလင်​မြို့​သို့​သွား​၍ သက်ကြီးဝါကြီး​များ၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​၏​လက်​၌ ဒုက္ခ​ဝေဒနာ​များစွာ​ခံစား​ရ​ပြီး အသေ​သတ်​ခြင်း​ခံရ​ကာ သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​ရ​မည်​ဖြစ်ကြောင်း​ကို တပည့်​တော်​တို့​အား စတင်​ဖော်ပြ​တော်မူ​၏။ ထိုအခါ ပေတရု​သည် ကိုယ်တော်​ကို ဘေးဘက်​သို့​ခေါ်​၍ ပြစ်တင်​ပြောဆို​ကာ “သခင်​ဘုရား၊ ဤ​အမှု​သည် ကိုယ်တော်​နှင့်​လွဲ​ပါစေ၊ ဖယ်​ပါစေ။ ကိုယ်တော်​၌ မည်သည့်​အခါ​မျှ ဤသို့​ဖြစ်​မည်​မ​ဟုတ်”​ဟု လျှောက်​လေ​၏။ သို့သော် ကိုယ်တော်​သည်​လှည့်​၍ ပေတရု​အား“အချင်း​စာတန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည် ငါ့​အတွက် မှားယွင်း​စရာ​အကြောင်း​ဖြစ်​၏။ အကြောင်းမူကား သင်​သည် ဘုရားသခင်​နှင့်ဆိုင်သော​အရာ​များ​ကို မ​စွဲလမ်း​ဘဲ လူ​တို့​နှင့်ဆိုင်သော​အရာ​များ​ကို​သာ စွဲလမ်း​၏”​ဟု မိန့်​တော်မူ​၏။

​ရှင်မဿဲခရစ်ဝင် 16:21-23 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။