YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 1:18-24

ရှင်မဿဲခရစ်ဝင် 1:18-24 MSBU

ယေရှု​ခရစ်တော်​၏​ဖွားမြင်​တော်မူ​ခြင်း​မှာ ဤသို့​ဖြစ်​၏။ ကိုယ်တော်​၏​မယ်တော်​မာရိ​သည် ယောသပ်​နှင့်​စေ့စပ်​ထား​၍ ပေါင်းဖက်​နေထိုင်​ခြင်း​မ​ပြု​မီ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် သန္ဓေတည်​သည်​ကို တွေ့​ရ​၏။ သူ​၏​ခင်ပွန်း​ယောသပ်​သည် ဖြောင့်မတ်​သော​သူ​ဖြစ်​သည်​နှင့်အညီ မာရိ​ကို အရှက်​မ​ကွဲ​စေ​လို​သဖြင့် သူ့​ကို​တိတ်တဆိတ်​ကွာရှင်း​ရန် ရည်ရွယ်​လေ​၏။ သို့သော် ဤ​အကြောင်း​ကို စဉ်းစား​ဆင်ခြင်​နေ​စဉ် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် ယောသပ်​အား အိပ်မက်​ထဲတွင်​ထင်ရှား​၍ “ဒါဝိဒ်​၏​သား​ယောသပ်၊ မာရိ​အား သင်​၏​ဇနီး​အဖြစ်​ယူ​ရ​မည်​ကို မ​စိုးရိမ်​နှင့်။ အကြောင်းမူကား သူ​၌​တည်​နေ​သော​သန္ဓေ​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​ဖြစ်​၏။ သူ​သည် သား​ယောက်ျား​ကို ဖွားမြင်​လိမ့်မည်။ ထို​သား​သည် မိမိ​၏​လူမျိုး​တော်​ကို သူ​တို့​၏​အပြစ်​များ​မှ ကယ်တင်​မည်​ဖြစ်​သောကြောင့် သူ​၏​အမည်​ကို ယေရှု​ဟူ၍​မှည့်​ခေါ်​ရ​မည်”​ဟု မြွက်ဆို​လေ​၏။ ဤ​အရာ​အားလုံး​ဖြစ်ပျက်​သည်မှာ ထာဝရ​ဘုရား​က “ကြည့်ရှု​လော့။ အပျို​ကညာ​သည် သန္ဓေတည်​၍ သား​ယောက်ျား​ကို​ဖွားမြင်​လိမ့်မည်။ ထို​သား​၏​အမည်​ကို ဧမာနွေလ​ဟု ခေါ်​ကြ​လိမ့်မည်”​ဟု ပရောဖက်​အားဖြင့် မိန့်​တော်မူ​သည့်​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။ (ဧမာနွေလ​၏​အဓိပ္ပာယ်​မှာ “ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​သော​ဘုရားသခင်”​ဟူ၍ ဖြစ်​၏။) ယောသပ်​သည် အိပ်ပျော်​ရာ​မှ နိုး​လာ​သောအခါ သူ့​အား ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​မိန့်မှာ​သည့်​အတိုင်း​ပြု​၍ မာရိ​ကို မိမိ​၏​ဇနီး​အဖြစ်​ယူ​လေ​၏။

ရှင်မဿဲခရစ်ဝင် 1:18-24 အကြောင်း ဗီဒီယိုများ

​ရှင်မဿဲခရစ်ဝင် 1:18-24 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။