YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 9:21-26

ရှင်လုကာခရစ်ဝင် 9:21-26 MSBU

ထိုအခါ ကိုယ်တော်​သည် သူ​တို့​အား သတိပေး​လျက် ဤ​အကြောင်း​ကို မည်သူ့​ကို​မျှ​မ​ပြော​ရန် အမိန့်​ပေး​တော်မူ​ပြီးလျှင် “လူ့သား​သည် ဒုက္ခ​ဝေဒနာ​များစွာ​ခံစား​ရ​လျက် သက်ကြီးဝါကြီး​များ၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​၏​ငြင်းပယ်​ခြင်း​ကို​ခံရ​၍ အသေ​သတ်​ခြင်း​ခံရ​ပြီး သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​ရ​မည်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် လူ​အပေါင်း​တို့​အား“မည်သူမဆို ငါ့​နောက်​သို့​လိုက်​လို​လျှင် မိမိကိုယ်ကို​ငြင်းပယ်​ပြီး မိမိ​၏​လက်ဝါးကပ်တိုင်​ကို နေ့စဉ်​ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​ရ​မည်။ အကြောင်းမှာ မိမိ​အသက်​ကို​ကယ်တင်​လို​သော​သူ​သည် အသက်​ကို​ဆုံးရှုံး​ရ​လိမ့်မည်။ ငါ့​အတွက် မိမိ​အသက်​ကို​ဆုံးရှုံး​ရ​သော​သူ​မူကား မိမိ​အသက်​ကို​ကယ်တင်​လိမ့်မည်။ လူ​သည် ကမ္ဘာ​လောက​တစ်ခုလုံး​ကို​ရရှိ​သော်လည်း သူကိုယ်တိုင်​ပျက်စီး​လျှင်​၊ သို့မဟုတ် ဆုံးရှုံး​လျှင် မည်သည့်​အကျိုး​ရှိ​မည်နည်း။ မည်သူမဆို ငါ​နှင့်​ငါ့​တရား​စကား​အတွက်​ရှက်​လျှင် လူ့သား​သည်​လည်း မိမိ​၏​ဘုန်း​အသရေ၊ ခမည်းတော်​၏​ဘုန်း​အသရေ​နှင့် သန့်ရှင်း​သော​ကောင်းကင်တမန်​များ​၏​ဘုန်း​အသရေ​တို့​ကို​ဆောင်​လျက် ကြွလာ​သောအခါ ထို​သူ​အတွက်​ရှက်​လိမ့်မည်။