YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 9:12-17

ရှင်လုကာခရစ်ဝင် 9:12-17 MSBU

ညနေစောင်း​သောအခါ တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လျက် “အကျွန်ုပ်​တို့​ရှိ​နေ​သော​ဤ​အရပ်​သည် လူသူ​ကင်းဝေး​ရာ​အရပ်​ဖြစ်​သောကြောင့် လူထု​ပရိသတ်​တို့​သည် ဝန်းကျင်​ရှိ ကျေးလက်​တောရွာ​များ​သို့​သွား​၍ တည်းခို​နိုင်​ရန်​နှင့် အစားအစာ​များ​ရရှိ​နိုင်​ရန် သူ​တို့​ကို​ပြန်လွှတ်​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ သို့သော် ကိုယ်တော်​က“သင်​တို့​ကိုယ်တိုင် သူ​တို့​အား စား​စရာ​ပေး​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ သူ​တို့​က​လည်း “ဤ​လူ​အားလုံး​အတွက် အစားအစာ​များ​ကို အကျွန်ုပ်​တို့​သွား​၍​မ​ဝယ်​လျှင် အကျွန်ုပ်​တို့​၌ မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​သာ​ရှိ​ပါ​သည်”​ဟု လျှောက်​ကြ​၏။ (ထိုသို့​လျှောက်​ကြ​ခြင်း​မှာ လူ​ငါးထောင်​ခန့်မျှ​ရှိ​သောကြောင့်​ဖြစ်​၏။) ထိုအခါ ကိုယ်တော်​သည် တပည့်​တော်​တို့​အား“လူ​တို့​ကို ငါးဆယ်​ခန့်​စီ​စု​၍ ထိုင်​စေ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း အမိန့်​တော်​အတိုင်း​ဆောင်ရွက်​ကြ​လျက် လူ​အားလုံး​တို့​ကို​ထိုင်​စေ​ကြ​၏။ ကိုယ်တော်​သည် မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ကို​ယူ​၍ မိုး​ကောင်းကင်​သို့​မျှော်ကြည့်​ကာ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် ၎င်း​တို့​ကို​ဖဲ့​၍ လူထု​ပရိသတ်​ကို​ဝေ​ပေး​ရန် တပည့်​တော်​တို့​အား​ပေး​တော်မူ​၏။ လူ​အပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့နောက် ကြွင်းကျန်​သော​အကျိုးအပဲ့​များ​ကို ကောက်သိမ်း​ကြ​ရာ တစ်ဆယ့်နှစ်​တောင်း​ရ​ကြ​၏။