YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 8:43-48

ရှင်လုကာခရစ်ဝင် 8:43-48 MSBU

ထိုအခါ တစ်ဆယ့်နှစ်​နှစ်​ပတ်လုံး သွေး​သွန်​ရောဂါ​စွဲကပ်​၍ ဆေးဆရာ​များ​ထံ မိမိ​ပိုင်ဆိုင်​သော​ဥစ္စာ​ပစ္စည်း​ရှိသမျှ​တို့​ကို အကုန်​သုံးစွဲ​ခဲ့​သော်လည်း မည်သူ​က​မျှ ကျန်းမာ​အောင် မ​ကု​ပေး​နိုင်​သော​အမျိုးသမီး​တစ်​ဦး​သည် ကိုယ်တော်​၏​နောက်​တော်​သို့​ချဉ်းကပ်​လျက် ဝတ်ရုံ​တော်​၏​ပန်းဖွား​ကို​တို့ထိ​လေ​၏။ ထို​ခဏချင်း​တွင် သူ​ခံစား​ရ​သော​သွေး​သွန်​ခြင်း​သည် ရပ်​သွား​လေ​၏။ ထိုအခါ ယေရှု​က“ငါ့​ကို မည်သူ​တို့ထိ​သနည်း”​ဟု မေး​တော်မူ​လျှင် အားလုံး​က​ငြင်းဆို​ကြ​၏။ ပေတရု​က “သခင်၊ လူထု​ပရိသတ်​သည် ကိုယ်တော်​ကို​ဝိုင်းရံ​လျက် တိုးဝှေ့​နေ​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။ သို့သော် ယေရှု​က“တစ်စုံတစ်ယောက်​သည် ငါ့​ကို​တို့ထိ​၏။ အဘယ်ကြောင့်​ဆိုသော် ငါ့​ထံမှ​တန်ခိုး​ထွက်​သည်​ကို ငါ​သိ​၏”​ဟု မိန့်​တော်မူ​၏။ ထို​အမျိုးသမီး​သည် ဖုံးကွယ်​ထား​၍​မ​ရ​ကြောင်း​သိ​သောအခါ တုန်လှုပ်​လျက်​ရှေ့​တော်​သို့​လာ​၍ ပျပ်ဝပ်​ကာ ကိုယ်တော်​ကို​တို့ထိ​ရ​သည့်​အကြောင်း​ကို​လည်းကောင်း၊ အနာရောဂါ​ချက်ချင်း​ပျောက်ကင်း​ခဲ့​ပုံ​ကို​လည်းကောင်း လူ​အပေါင်း​တို့​ရှေ့​တွင် ပြောပြ​လေ​၏။ ကိုယ်တော်​က​လည်း“သမီး၊ သင်​၏​ယုံကြည်​ခြင်း​သည် သင့်​ကို​ကျန်းမာ​စေ​ပြီ။ ငြိမ်းချမ်း​စွာ​သွား​လော့”​ဟု သူ့​အား မိန့်​တော်မူ​၏။

​ရှင်လုကာခရစ်ဝင် 8:43-48 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။