YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 5:12-16

ရှင်လုကာခရစ်ဝင် 5:12-16 MSBU

ကိုယ်တော်​သည် မြို့​တစ်​မြို့​၌​ရှိ​တော်မူ​စဉ် တစ်ကိုယ်လုံး​အနာကြီး​ရောဂါ​စွဲကပ်​နေ​သူ​တစ်​ဦး​သည် ယေရှု​ကို​မြင်​လျှင် ပျပ်ဝပ်​လျက် “သခင်​ဘုရား၊ ကိုယ်တော်​အလို​ရှိ​လျှင် အကျွန်ုပ်​ကို စင်ကြယ်​စေ​နိုင်​ပါ​သည်”​ဟု တောင်းပန်​လေ​၏။ ကိုယ်တော်​သည် လက်​တော်​ကို​ဆန့်​၍ ထို​သူ​ကို​တို့ထိ​ကာ“ငါ​အလိုရှိ​၏။ စင်ကြယ်​ခြင်း​သို့​ရောက်​စေ”​ဟု မိန့်​တော်မူ​၏။ ထို​ခဏချင်း​တွင် သူ​၏​အနာကြီး​ရောဂါ​သည် ပျောက်ကင်း​သွား​လေ​၏။ ထိုအခါ ကိုယ်တော်​သည် မည်သူ့​ကို​မျှ​မ​ပြော​ရန် သူ့​အား​မိန့်မှာ​လျက်“ယဇ်ပုရောဟိတ်​ထံသို့​သာ​သွား​၍ သင့်ကိုယ်သင်​ပြ​ပြီးလျှင် လူ​တို့​ရှေ့၌ သက်သေ​ဖြစ်​စေရန် မောရှေ​ပညတ်​ထား​သည့်​အတိုင်း သင်​၏​စင်ကြယ်​ခြင်း​ဝတ်​အတွက် ပူဇော်သက္ကာ​ကို ဆက်သ​လော့”​ဟု မိန့်​တော်မူ​၏။ သို့ရာတွင် ကိုယ်တော်​၏​သတင်း​သည် ပို၍​ပျံ့နှံ့​သွား​သဖြင့် များစွာ​သော​လူထု​ပရိသတ်​တို့​သည် တရား​တော်​ကို​ကြားနာ​ရန်​နှင့် မိမိ​တို့​၏​အနာရောဂါ​များ​ငြိမ်း​စေ​ခြင်း​ကို​ခံယူ​ရန် စုဝေး​လာ​ကြ​၏။ သို့သော် ကိုယ်တော်​သည် လူသူ​ကင်းဝေး​ရာ​အရပ်​သို့​သွား​၍ ဆုတောင်း​လေ့​ရှိ​တော်မူ​၏။

​ရှင်လုကာခရစ်ဝင် 5:12-16 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။