YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 3:8-14

ရှင်လုကာခရစ်ဝင် 3:8-14 MSBU

သို့ဖြစ်၍ နောင်တ​နှင့်​ထိုက်တန်​သော​အသီး​ကို သီး​ကြ​လော့။ ငါ​တို့​တွင် အဖ​အာဗြဟံ​ရှိ​သည်​ဟူ၍ သင်​တို့​စိတ်​ထဲ၌​မ​ပြောဆို​ကြ​နှင့်။ သင်​တို့​အား ငါ​ဆို​သည်​ကား ဘုရားသခင်​သည် အာဗြဟံ​အတွက် သားသမီး​များ​ကို ဤ​ကျောက်ခဲ​တို့​ထဲမှ​ပေါ်ထွန်း​စေ​နိုင်​သည်။ ပုဆိန်​ကို​လည်း သစ်ပင်​တို့​၏​အမြစ်​နား​တွင် ချ​ထား​ပြီ​ဖြစ်၍ ကောင်း​သော​အသီး​ကို​မ​သီး​သော​အပင်​တိုင်း​သည် ခုတ်လှဲ​ခြင်း​ခံရ​၍ မီး​ထဲသို့​ပစ်ချ​ခြင်း​ခံရ​လိမ့်မည်”​ဟု ဆို​လေ​၏။ လူထု​ပရိသတ်​တို့​က​လည်း “သို့ဖြစ်လျှင် အကျွန်ုပ်​တို့​သည် မည်သို့​ပြု​ရ​မည်နည်း”​ဟု မေး​ကြ​လျှင် ယောဟန်​က “အင်္ကျီ​နှစ်​ထည်​ရှိ​သော​သူ​သည် မ​ရှိ​သော​သူ​အား​ဝေမျှ​ပေး​စေ။ စားစရာ​ရှိ​သော​သူ​သည်​လည်း ထိုနည်းတူ​ပြု​စေ”​ဟု ပြန်​ဖြေ​လေ​၏။ အခွန်​ကောက်ခံ​သူ​တို့​သည်​လည်း ဗတ္တိဇံ​ခံ​ရန်​လာ​၍ “ဆရာ၊ အကျွန်ုပ်​တို့​သည် မည်သို့​ပြု​ရ​မည်နည်း”​ဟု မေး​ကြ​လျှင် ယောဟန်​က “သင်​တို့​ကို​ညွှန်ကြား​ထား​သည်​ထက် ပို၍​မ​ကောက်ခံ​ကြ​နှင့်”​ဟု ပြန်ပြော​လေ​၏။ စစ်မှုထမ်း​များ​သည်​လည်း “အကျွန်ုပ်​တို့​သည် မည်သို့​ပြု​ရ​မည်နည်း”​ဟု မေး​ကြ​လျှင် ယောဟန်​က “သူတစ်ပါး​ထံမှ ငွေ​ညှစ်ယူ​ခြင်း၊ မတရား​တောင်းခံ​ခြင်း မ​ပြု​ကြ​နှင့်။ မိမိ​တို့​ရ​သော​လခ​နှင့် ရောင့်ရဲ​ကြ​လော့”​ဟု ပြန်ပြော​လေ​၏။