YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 24:1-7

ရှင်လုကာခရစ်ဝင် 24:1-7 MSBU

ရက်သတ္တပတ်​၏​ပထမ​နေ့​၊ အရုဏ်တက်စ​အချိန်​၌ သူ​တို့​သည် မိမိ​တို့​ပြင်ဆင်​ထား​သော​အမွှေးနံ့သာ​ကို​ယူဆောင်​၍ သင်္ချိုင်း​တော်​သို့​သွား​ကြ​ရာ ကျောက်တုံး​ကို သင်္ချိုင်း​ဂူ​မှ လှိမ့်ဖယ်​ထား​ပြီး​ဖြစ်​သည်​ကို​တွေ့​ကြ​၏။ အတွင်း​သို့​ဝင်​ကြ​သောအခါ သခင်​ယေရှု​၏​အလောင်း​တော်​ကို​မ​တွေ့​ကြ​ချေ။ သူ​တို့​သည် ဤ​အခြင်းအရာ​တို့​ကို​တွေးမရ​ဖြစ်​နေ​ကြ​စဉ် တောက်ပ​ပြောင်လက်​သော​အဝတ်​ကို​ဝတ်ဆင်​ထား​သည့် လူ​နှစ်​ဦး​သည် ရုတ်တရက်​ပေါ်လာ​ပြီး သူ​တို့​အနီး​၌​ရပ်​ကြ​၏။ အမျိုးသမီး​တို့​သည် ကြောက်လန့်​၍ ခေါင်း​ကို အောက်​သို့​ငုံ့​လျက်​နေ​ကြ​ရာ ထို​သူ​တို့​က “သင်​တို့​သည် သေ​သော​သူ​တို့​တွင် အသက်ရှင်​သော​သူ​ကို အဘယ်ကြောင့်​ရှာ​ကြ​သနည်း။ ကိုယ်တော်​သည် ဤ​အရပ်​၌​မ​ရှိ။ ထမြောက်​တော်မူ​ပြီ။ ဂါလိလဲ​နယ်​၌​ရှိ​တော်မူ​စဉ် သင်​တို့​အား​မည်သို့​မိန့်​တော်မူ​ခဲ့​သည်​ကို သတိရ​ကြ​လော့။ ကိုယ်တော်​က ‘လူ့သား​သည် အပြစ်သား​တို့​၏​လက်​သို့​အပ်နှံ​ခြင်း​ကို​ခံရ​လျက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​ပြီး သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​ရ​မည်’​ဟူ၍ မိန့်​တော်မူ​ခဲ့​သည်​မ​ဟုတ်​လော”​ဟု မြွက်ဆို​ကြ​၏။

စပ်ဆိုင်သော ဗီဒီယိုများ