YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 23:27-31

ရှင်လုကာခရစ်ဝင် 23:27-31 MSBU

လူ​အမြောက်အမြား​နှင့်တကွ ကိုယ်တော်​အတွက် ရင်ဘတ်​စည်တီး​လျက်​မြည်တမ်း​နေ​ကြ​သော အမျိုးသမီး​တို့​သည် ကိုယ်တော်​၏​နောက်​မှ​လိုက်​သွား​ကြ​၏။ ယေရှု​သည် ထို​အမျိုးသမီး​တို့​ဘက်​သို့​လှည့်​၍“ဂျေရုဆလင်​မြို့​၏​သမီး​တို့၊ ငါ့​အတွက်​မ​ငိုကြွေး​ကြ​နှင့်။ သင်​တို့​နှင့် သင်​တို့​၏​သားသမီး​များ​အတွက်​သာ ငိုကြွေး​ကြ​လော့။ အကြောင်းမူကား မြုံ​သော​မိန်းမ၊ သန္ဓေ​မ​လွယ်​ဖူး​သော​ဝမ်း​နှင့် သူငယ်​မ​စို့​ဖူး​သော​သားမြတ်​တို့​သည် မင်္ဂလာရှိ​၏​ဟု​ဆို​ကြ​မည့်​နေ့ရက်​များ​ရောက်လာ​လိမ့်မည်။ ထိုအခါ လူ​တို့​သည် တောင်​များ​အား ‘ငါ​တို့​အပေါ်သို့​ပြိုကျ​ကြ​ပါ’​ဟူ၍​လည်းကောင်း၊ တောင်ကုန်း​များ​အား ‘ငါ​တို့​ကို​ဖုံးအုပ်​ကြ​ပါ’​ဟူ၍​လည်းကောင်း ဆို​ကြ​လိမ့်မည်။ အကြောင်းမူကား သူ​တို့​သည် စိမ်းစို​သော​အပင်​ကို ဤသို့​ပြု​ကြ​လျှင် ခြောက်သွေ့​သော​အပင်​၌ မည်သို့​ဖြစ်​လိမ့်မည်​နည်း”​ဟု မိန့်​တော်မူ​၏။

​ရှင်လုကာခရစ်ဝင် 23:27-31 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။