YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 22:39-46

ရှင်လုကာခရစ်ဝင် 22:39-46 MSBU

ထို့နောက် ကိုယ်တော်​သည်​ထွက်ခွာ​၍ ပြုလေ့​ရှိ​သည့်​အတိုင်း သံလွင်​တောင်​ပေါ်သို့​ကြွ​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​၏။ ထို​အရပ်​သို့​ရောက်​တော်မူ​သောအခါ ကိုယ်တော်​က“ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့ မ​ကျရောက်​စေရန် ဆုတောင်း​ကြ​လော့”​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် သူ​တို့​ထံမှ​ခဲတစ်ပစ်စာ​ခန့်​ခွာသွား​၍ ဒူး​ထောက်​လျက် “အို အဖ၊ အလို​တော်​ရှိ​လျှင် ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ ဖယ်ရှား​ပေး​တော်မူ​ပါ။ သို့သော် အကျွန်ုပ်​၏​အလို​အတိုင်း​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​အလို​တော်​အတိုင်း​ဖြစ်စေ​တော်မူ​ပါ”​ဟု ဆုတောင်း​တော်မူ​၏။ ထိုအခါ ကောင်းကင်​မှ ကောင်းကင်တမန်​တစ်​ပါး​သည် ကိုယ်တော်​ထံ​ထင်ရှား​လာ​၍​ကိုယ်တော်​ကို​အားပေး​လေ​၏။ ကိုယ်တော်​သည် ပြင်းစွာ​သော​ဝေဒနာ​ကို​ခံစား​လျက် ပို၍​ပြင်းပြ​စွာ​ဆုတောင်း​တော်မူ​ရာ ကိုယ်တော်​၏​ချွေး​သည် မြေ​ပေါ်သို့​ကျ​သော​သွေး​စက်​သဖွယ်​ဖြစ်​လေ​၏။ ကိုယ်တော်​သည် ဆုတောင်း​ရာ​မှ​ထ​၍ တပည့်​တော်​တို့​ထံသို့ ပြန်လာ​သောအခါ သူ​တို့​သည် ဝမ်းနည်း​နွမ်းလျ​သဖြင့် အိပ်ပျော်​နေ​ကြ​သည်​ကို တွေ့​လျှင် “အဘယ်ကြောင့်​အိပ်ပျော်​နေ​ကြ​သနည်း။ ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့ မ​ကျရောက်​စေရန် ထ​၍​ဆုတောင်း​ကြ​လော့”​ဟု မိန့်​တော်မူ​၏။