ပသခါပွဲတော်ဟုခေါ်သော တဆေးမဲ့မုန့်ပွဲတော်နီးကပ်လာ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကိုသတ်နိုင်မည့်နည်းလမ်းကို ရှာကြံကြ၏။ အကြောင်းမူကား သူတို့သည် လူတို့ကိုကြောက်ရွံ့ကြ၏။ ထိုအခါ စာတန်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့တွင် အပါအဝင်ဖြစ်သည့် ဣရှကာရုတ်ဟုခေါ်သော ယုဒထဲသို့ဝင်သဖြင့် သူသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ဗိမာန်တော်အစောင့်တပ်မှူးများထံသို့သွား၍ ကိုယ်တော်ကို သူတို့လက်သို့ မည်ကဲ့သို့အပ်နှံရမည်နည်းဟု သူတို့နှင့်အတူတိုင်ပင်လေ၏။ သူတို့သည် ဝမ်းမြောက်၍ ယုဒကိုငွေပေးရန် သဘောတူဆုံးဖြတ်ကြ၏။ ယုဒသည်လည်း သဘောတူ၍ လူထုပရိသတ်မရှိသည့်အချိန်၌ ကိုယ်တော်ကို သူတို့လက်သို့အပ်နှံရန် အခွင့်ကောင်းကိုရှာကြံလျက်နေ၏။
ရှင်လုကာခရစ်ဝင် 22 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာခရစ်ဝင် 22
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာခရစ်ဝင် 22:1-6
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ