ထိုအခါ လူထုပရိသတ်ထဲမှ တစ်စုံတစ်ဦးက ကိုယ်တော်အား “ဆရာ၊ အကျွန်ုပ်ကိုအမွေခွဲဝေပေးရန် အကျွန်ုပ်၏အစ်ကိုအား အမိန့်ရှိတော်မူပါ”ဟု လျှောက်လေ၏။ သို့သော် ကိုယ်တော်က“အချင်းလူ၊ မည်သူသည် ငါ့ကို သင်တို့၏တရားသူကြီး၊သို့မဟုတ် ခုံလူကြီးအဖြစ် ခန့်ထားသနည်း”ဟု သူ့အားမိန့်တော်မူ၏။ ထို့နောက် လူတို့အား“လောဘလွန်ကျူးခြင်းအမျိုးမျိုးကို သတိပြု၍ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား လူ၏အသက်သည် သူ၏ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်၌တည်သည်မဟုတ်”ဟု မိန့်တော်မူ၏။ တစ်ဖန် သူတို့အား ပုံဥပမာတစ်ခုမြွက်ဆိုတော်မူသည်မှာ“သူဌေးတစ်ဦးသည် မိမိလယ်ကွင်းမှအသီးအနှံကောင်းစွာထွက်သဖြင့် ‘ငါ၏အသီးအနှံများကိုသိုထားရန် နေရာမရှိ။ ငါသည် မည်သို့ပြုရမည်နည်း’ဟု မိမိစိတ်ထဲ၌တွေးတောဆင်ခြင်လေ၏။ ထို့နောက် သူက ‘ငါဤသို့ပြုမည်။ ငါ့ကျီများကိုဖျက်၍ ပိုမိုကြီးမားသောကျီများကိုဆောက်ပြီးလျှင် ငါ၏ဂျုံဆန်နှင့်ကောင်းသောအရာရှိသမျှတို့ကို ထိုနေရာတွင် စုသိမ်းထားမည်။ ငါ၏ဝိညာဉ်ကိုလည်း အချင်းဝိညာဉ်၊ ကောင်းသောအရာအမြောက်အမြားတို့ကို နှစ်ပေါင်းများစွာအတွက် သိုမှီးထားလျက်ရှိပြီ။ အနားယူလော့။ စားသောက်ပျော်မွေ့လော့ဟူ၍ ငါပြောမည်’ဟု ဆိုလေ၏။ သို့သော် ဘုရားသခင်သည် ထိုသူအား ‘အချင်းလူမိုက်၊ ဤည၌ပင် သင့်ဝိညာဉ်ကို သင့်ထံမှရုပ်သိမ်းကြလိမ့်မည်။ သို့ဖြစ်လျှင် သင်ပြင်ဆင်ထားသောအရာများသည် မည်သူ့ဥစ္စာဖြစ်လိမ့်မည်နည်း’ဟု မိန့်တော်မူ၏။ မိမိအတွက် ဥစ္စာများကိုသိုမှီးထားသော်လည်း ဘုရားသခင်၏ရှေ့တော်၌ ကြွယ်ဝခြင်းမရှိသောသူသည် ဤသူဌေးနှင့်တူ၏”ဟု မိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင် 12 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာခရစ်ဝင် 12
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာခရစ်ဝင် 12:13-21
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ