ထိုအခါ ထောင်ပေါင်းများစွာသောလူထုပရိသတ်တို့သည် စုဝေးလာကြ၍ အချင်းချင်းပင်နင်းမိမတတ်ဖြစ်ကြ၏။ ကိုယ်တော်သည် တပည့်တော်တို့အား ဦးစွာမြွက်ဆိုတော်မူသည်မှာ“ဖာရိရှဲတို့၏တဆေးဖြစ်သည့် သူတော်ကောင်းယောင်ဆောင်မှုကို သတိထားကြလော့။ ဖုံးအုပ်ထားသည့်အရာများတွင် ဖွင့်ပြခြင်းမခံရမည့်အရာတစ်စုံတစ်ခုမျှမရှိ။ ကွယ်ဝှက်ထားသောအရာများတွင် ဖော်ပြခြင်းမခံရမည့်အရာလည်း တစ်စုံတစ်ခုမျှမရှိ။ သို့ဖြစ်၍ မှောင်မိုက်၌ သင်တို့ပြောဆိုသောအရာတို့ကို အလင်း၌ကြားကြလိမ့်မည်။ အိမ်အတွင်းခန်းထဲ၌ နားအပါးကပ်၍ သင်တို့ပြောဆိုသောအရာများကို လေသာဆောင်ပေါ်မှ ကြေညာကြလိမ့်မည်။ ငါ၏မိတ်ဆွေများဖြစ်ကြသောသင်တို့အား ငါဆိုမည်။ ကိုယ်ခန္ဓာကိုသတ်ပြီးသည့်နောက်တွင် အခြားမည်သည့်အရာကိုမျှ ထပ်၍မပြုနိုင်သောသူတို့ကို မကြောက်ကြနှင့်။ သင်တို့ကြောက်ရမည့်သူကို သင်တို့အား ငါပြောပြမည်။ ကိုယ်ခန္ဓာကိုသတ်ပြီးနောက် ငရဲထဲသို့ပစ်ချပိုင်ခွင့်ရှိသောသူကို ကြောက်ကြလော့။ မှန်ပေ၏။ ထိုသူကိုကြောက်ကြလော့ဟု သင်တို့အား ငါဆို၏။ စာကလေးငါးကောင်ကို အဿရိနှစ်ပြားနှင့်ရောင်းသည်မဟုတ်လော။ သို့ရာတွင် ထိုစာကလေးတစ်ကောင်ကိုမျှ ဘုရားသခင်မေ့လျော့တော်မမူ။ သင်တို့ဦးခေါင်းမှဆံပင်ရှိသမျှကိုပင် ရေတွက်ထားတော်မူ၏။ မကြောက်ကြနှင့်။ သင်တို့သည် စာကလေးများစွာတို့ထက်အဖိုးထိုက်ကြ၏။ သင်တို့အား ငါဆိုသည်ကား မည်သူမဆို လူတို့ရှေ့၌ ငါ့ကိုဝန်ခံလျှင် လူ့သားသည်လည်း ဘုရားသခင်၏ကောင်းကင်တမန်တို့ရှေ့၌ ထိုသူကို ဝန်ခံမည်။ သို့သော် လူတို့ရှေ့၌ ငါ့ကိုငြင်းပယ်သောသူသည် ဘုရားသခင်၏ကောင်းကင်တမန်တို့ရှေ့၌ ငြင်းပယ်ခြင်းခံရလိမ့်မည်။ လူ့သားအပေါ်ဆန့်ကျင်သည့်စကားကို ပြောဆိုသောသူအားလုံး ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်ကို စော်ကားပြောဆိုသောသူသည် ခွင့်လွှတ်ခြင်းခံရမည်မဟုတ်။ လူတို့သည် သင်တို့ကို ဝတ်ပြုစည်းဝေးကျောင်းများသို့လည်းကောင်း၊ အုပ်ချုပ်သူများနှင့် အာဏာပိုင်များရှေ့သို့လည်းကောင်း ခေါ်ဆောင်သွားကြသောအခါ မည်သည့်အရာကို မည်ကဲ့သို့ချေပရမည်နည်း၊ သို့မဟုတ် မည်သည့်အရာကို ပြောဆိုရမည်နည်းဟူ၍ မစိုးရိမ်ကြနှင့်။ အကြောင်းမူကား သန့်ရှင်းသောဝိညာဉ်တော်သည် ပြောဆိုရမည့်အရာတို့ကို ထိုအချိန်နာရီ၌ပင် သင်တို့အားသွန်သင်ပေးတော်မူလိမ့်မည်”ဟု မိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင် 12 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာခရစ်ဝင် 12
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာခရစ်ဝင် 12:1-12
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို