YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 10:38-41

ရှင်လုကာခရစ်ဝင် 10:38-41 MSBU

သူ​တို့​သည် ခရီး​ဆက်​သွား​စဉ်တွင် ကိုယ်တော်​သည် ရွာ​တစ်​ရွာ​သို့​ဝင်​တော်မူ​ရာ မာသ​အမည်​ရှိ​သော​အမျိုးသမီး​တစ်​ဦး​သည် ကိုယ်တော်​ကို မိမိ​အိမ်​၌​လက်ခံ​ကြိုဆို​လေ​၏။ ထို​အမျိုးသမီး​တွင် မာရိ​ဟု​ခေါ်​သော​ညီမ​တစ်​ယောက်​ရှိ​၏။ သူ​သည် သခင်​ဘုရား​၏​ခြေ​တော်​ရင်း​၌​ထိုင်​လျက် ကိုယ်တော်​၏​တရား​စကား​ကို နားထောင်​နေ​၏။ မာသ​မူကား ဧည့်ခံ​ခြင်း​အမှု​များ​ကြောင့် စိတ်​ပူပန်​သဖြင့် အထံ​တော်​သို့​ချဉ်းကပ်​လျက် “သခင်​ဘုရား၊ ကျွန်မ​၏​ညီမ​သည် ကျွန်မ​တစ်ဦးတည်း​သာ ဧည့်ဝတ်​ပြု​ရန်​ပစ်​ထား​ခဲ့​သည်​ကို ကိုယ်တော်​ဂရုမစိုက်​ဘဲ​နေ​တော်မူ​သလော။ ကျွန်မ​ကို​ကူညီ​ရန် သူ့​အား အမိန့်​ရှိ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ သခင်​ဘုရား​က​လည်း“မာသ၊ မာသ၊ သင်​သည် များစွာ​သော​အမှု​တို့​အတွက်​စိုးရိမ်​လျက် နှောင့်ယှက်​ခြင်း​ကို​ခံ​နေ​ရ​၏။