ကောင်းကင်တမန်ကလည်း “သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အပေါ်သက်ရောက်တော်မူ၍ အမြင့်ဆုံးသောဘုရား၏တန်ခိုးတော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထို့ကြောင့် ဖွားမြင်လာမည့်သန့်ရှင်းသောသူငယ်သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။ ကြည့်လော့။ သင်၏အဆွေအမျိုး အဲလစ်ဇဘက်သည်လည်း အိုမင်းသောအရွယ်၌ သားယောက်ျားကိုသန္ဓေတည်၍ အမြုံမဟုအခေါ်ခံရသောသူသည် ယခု ကိုယ်ဝန်ခြောက်လရှိနေပြီ။ ဘုရားသခင်အတွက် မဖြစ်နိုင်သောအရာတစ်စုံတစ်ခုမျှမရှိ”ဟု ပြန်၍မြွက်ဆိုလေ၏။ ထိုအခါ မာရိက “ကျွန်မသည် ထာဝရဘုရား၏အစေအပါးဖြစ်ပါ၏။ အရှင်၏စကားအတိုင်း ကျွန်မ၌ဖြစ်ပါစေ”ဟု ဝန်ခံ၏။ ထို့နောက် ကောင်းကင်တမန်သည် မာရိထံမှ ထွက်ခွာသွားလေ၏။
ရှင်လုကာခရစ်ဝင် 1 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်လုကာခရစ်ဝင် 1
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာခရစ်ဝင် 1:35-38
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ