YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 1:15-20

ရှင်လုကာခရစ်ဝင် 1:15-20 MSBU

အကြောင်းမူကား သူ​သည် ထာဝရ​ဘုရား​ရှေ့​တော်​၌ ကြီးမြတ်​သော​သူ​ဖြစ်လာ​မည်။ စပျစ်​ဝိုင်​နှင့်​သေရည်သေရက်​တို့​ကို​လည်း​မ​သောက်​၊ အမိ​ဝမ်းတွင်း​၌​ရှိ​စဉ်​ကပင် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လိမ့်မည်။ သူ​သည် များစွာ​သော​အစ္စရေး​အမျိုးသား​တို့​ကို မိမိ​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​ထံ ပြန်လည်​ပို့ဆောင်​၍ အဖ​တို့​၏​စိတ်နှလုံး​တို့​ကို သားသမီး​တို့​ထံသို့​လည်းကောင်း၊ နာခံ​ခြင်း​မ​ရှိ​သော​သူ​တို့​ကို ဖြောင့်မတ်​သော​သူ​တို့​၏​အသိပညာ​ထဲသို့​လည်းကောင်း ပြန်လှည့်​လာ​စေရန်​နှင့် ပြင်ဆင်​ထား​သော​လူမျိုး​တော်​ကို ထာဝရ​ဘုရား​အတွက်​အသင့်​ဖြစ်​စေရန် ဧလိယ​၏​ဝိညာဉ်​နှင့်​တန်ခိုး​တို့​ဖြင့် ကိုယ်တော်​၏​ရှေ့​တော်​မှ ဦးစွာ​သွား​နှင့်​မည်”​ဟု မြွက်ဆို​လေ​၏။ ဇာခရိ​က​လည်း “အကျွန်ုပ်​သည် အိုမင်း​သူ​ဖြစ်​ပြီး အကျွန်ုပ်​၏​ဇနီး​သည်​လည်း အသက်​ကြီးရင့်​နေ​ပါ​သဖြင့် ဤသို့​ဖြစ်​မည်​ကို မည်သို့​သိ​နိုင်​ပါ​မည်နည်း”​ဟု ကောင်းကင်တမန်​အား ပြန်​ပြော​လေ​၏။ ကောင်းကင်တမန်​က​လည်း “ငါ​သည် ဘုရားသခင်​ရှေ့​တော်​၌​ခစား​ရ​သော ဂါဗြေလ​ဖြစ်​၏။ သင့်​ကို​နှုတ်ဆက်​၍ ဤ​ဝမ်းမြောက်​ဖွယ်​သတင်း​ကို​ပြောကြား​ရန် ငါ​သည် သင့်​ထံသို့​စေလွှတ်​ခြင်း​ခံရ​၏။ သင်​သည် မိမိ​အချိန်​ရောက်​လျှင် ပြည့်စုံ​မည့် ငါ​၏​စကား​ကို​မ​ယုံ​သောကြောင့် ဤ​အရာ​များ​ပြည့်စုံ​သည့်​နေ့​တိုင်အောင် စကား​မ​ပြော​နိုင်​ဘဲ ဆွံ့အ​လျက်​နေ​လိမ့်မည်”​ဟု ပြန်​၍​မြွက်ဆို​လေ​၏။