YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှုမှတ်စာ 24:29-33

ယောရှုမှတ်စာ 24:29-33 MSBU

ထို့နောက်မှ ထာဝရဘုရား​၏​အစေအပါး နုန်​၏​သား​ယောရှု​သည် အသက်​တစ်ရာ့​တစ်ဆယ်​တွင် သေဆုံး​လေ​၏​။ ဂါရှ​တောင်​၏​မြောက်ဘက်​၊ ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ သူ​အမွေ​မြေ​ရ​ထား​သော တိမနသေရ​မြို့​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ အစ္စရေး​လူမျိုး​တို့​သည် ယောရှု​အသက်ရှင်​စဉ်​ကာလ​ပတ်လုံး​တွင်​လည်းကောင်း​၊ ယောရှု​သေဆုံး​သွား​ပြီးနောက် အစ္စရေး​လူမျိုး​တို့​အတွက် ထာဝရဘုရား​ပြု​တော်မူ​ခဲ့​သည့်​အရာ​ရှိသမျှ​တို့​ကို သိမြင်​သော​အသက်ရှင်​ကျန်ရစ်​သေး​သည့် သက်ကြီးဝါကြီး​တို့​လက်ထက်​ကာလ​ပတ်လုံး​တွင်​လည်းကောင်း ထာဝရဘုရား​ကို​သာ ဝတ်ပြု​ကြ​၏​။ သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့ အီဂျစ်​ပြည်​မှ​ယူဆောင်​လာ​ခဲ့​သော ယောသပ်​၏​အရိုး​ကို ရှေခင်​၏​ဖခင်​ဟာမော်​၏​သား​များ​ထံ​မှ ငွေစ​တစ်ရာ​ဖြင့် ယာကုပ်​ဝယ်ယူ​ထား​သော ရှေခင်​မြို့​ရှိ​မြေ​ကွက်​တွင် သင်္ဂြိုဟ်​ကြ​၏​။ ထို​မြေကွက်​သည် ယောသပ်​သားမြေး​တို့​ပိုင်​သော အမွေမြေ​ဖြစ်​၏​။ အာရုန်​၏​သား​ဧလာဇာ​လည်း သေဆုံး​သဖြင့် ဧဖရိမ်​တောင်ပေါ်ဒေသ​တွင် သူ့​သား​ဖိနဟတ်​အမွေမြေ​ရ​ထား​သည့် ဖိနဟတ်​တောင်ကုန်း​၌ သင်္ဂြိုဟ်​လေ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။