YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှုမှတ်စာ 24:19-28

ယောရှုမှတ်စာ 24:19-28 MSBU

ထိုအခါ ယောရှု​က လူ​တို့​အား “​သင်​တို့​သည် ထာဝရဘုရား​ကို ဝတ်ပြု​နိုင်​မည် မ​ဟုတ်​။ ထာဝရဘုရား​သည် သန့်ရှင်း​သော​ဘုရား​၊ သဝန်တို​တတ်​သော​ဘုရား​ဖြစ်​၏​။ သင်​တို့​ကျူးလွန်​သော​အပြစ်​များ​ကို ခွင့်လွှတ်​တော်မူ​မည်​မ​ဟုတ်​။ သင်​တို့​သည် ထာဝရဘုရား​ကို စွန့်​၍ တိုင်းတစ်ပါးသား​တို့​၏​ဘုရား​ကို​ဝတ်ပြု​မည်​ဆိုလျှင် သင်​တို့​ကို ကောင်းစား​စေ​ခဲ့​ရာ​မှ သင်​တို့​ကို ဒုက္ခရောက်​စေ​မည်​၊ သုတ်သင်ပယ်ရှင်း​တော်မူ​မည်​ကို သင်​တို့​သိ​သလော​”​ဟု ဆို​၏​။ လူ​တို့​က​လည်း ယောရှု​အား “​မ​ဟုတ်​ပါ​။ ထာဝရဘုရား​ကို​သာ အကျွန်ုပ်​တို့ ဝတ်ပြု​ပါ​မည်​”​ဟု ပြန်ပြော​ကြ​၏​။ ယောရှု​က​လည်း လူ​တို့​အား “​ထာဝရဘုရား​ကို​သာ​ဝတ်ပြု​မည်​ဟု သင်​တို့​ရွေးချယ်​ခြင်း​အမှု​မှာ သင်​တို့​ကိုယ်တိုင်​ပင် သက်သေ​ဖြစ်​၏​”​ဟု​ဆို​လျှင် သူ​တို့​က​လည်း “​အကျွန်ုပ်​တို့​သည် သက်သေ​ဖြစ်​ကြ​ပါ​၏​”​ဟု ပြန်ပြော​ကြ​၏​။ ယောရှု​က​လည်း “​သို့ဖြစ်လျှင် သင်​တို့​တွင်​ရှိ​သော တိုင်းတစ်ပါးသား​တို့​၏​ဘုရား​များ​ကို ဖယ်ရှား​ပြီး သင်​တို့​၏​စိတ်နှလုံး​ကို အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ထာဝရဘုရား​ထံ တိမ်းညွတ်​ကြ​လော့​”​ဟု ဆို​၏​။ လူ​တို့​က​လည်း “​အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​သာ ဝတ်ပြု​ပါ​မည်​။ ကိုယ်တော်​၏​စကား​ကို​သာ နားထောင်​ပါ​မည်​”​ဟု ယောရှု​အား ပြန်ပြော​ကြ​၏​။ ထို​နေ့​တွင် ယောရှု​သည် လူ​တို့​နှင့် ပဋိညာဉ်​ဖွဲ့​ပြီး ရှေခင်​မြို့​၌ သူ​တို့​အဖို့ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို ချမှတ်​ပေး​လေ​၏​။ ထို့နောက် ယောရှု​သည် ထို​တရားစကား​တို့​ကို ဘုရားသခင်​၏​ပညတ်တရား​ကျမ်း​များ​၌ ရေးမှတ်​ထား​၏​။ ထို့နောက် ကျောက်တုံး​ကြီး​တစ်​တုံး​ကို​ယူ​၍ ထာဝရဘုရား​၏​သန့်ရှင်းရာဌာန​တော်​အနီး​ရှိ ဝက်သစ်ချပင်​အောက်​တွင် စိုက်ထူ​ထား​လေ​၏​။ ထို့နောက် ယောရှု​က လူ​အပေါင်း​တို့​အား “​ကြည့်​ပါ​။ ငါ​တို့​အား ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​တော်​အလုံးစုံ​ကို ဤ​ကျောက်တုံး​သည်​လည်း ကြား​ပြီ​ဖြစ်၍ ငါ​တို့​အဖို့ သက်သေ​ဖြစ်​လိမ့်မည်​။ ဘုရားသခင်​၏​စကား​တော်​ကို သင်​တို့​ငြင်းပယ်​လျှင် ဤ​ကျောက်တုံး​သည် သက်သေ​ဖြစ်​လိမ့်မည်​”​ဟု ဆို​၏​။ ထို့နောက် ယောရှု​သည် လူ​တို့​ကို သူ​တို့​၏​အမွေမြေ​အသီးသီး​သို့ ပြန်​စေ​လေ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။