YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောနဝတ္ထု 2:1-7

ယောနဝတ္ထု 2:1-7 MSBU

ယောန​သည် ငါးကြီး​ဝမ်း​ထဲမှ​နေ​၍ သူ​၏​ဘုရားသခင်​ထာဝရဘုရား​အား “​အကျွန်ုပ်​သည် ဆင်းရဲဒုက္ခ​ထဲတွင် ထာဝရဘုရား​ထံ အော်ဟစ်​ဆုတောင်း​သောအခါ ကိုယ်တော်​နားညောင်း​တော်မူ​၏​။ မရဏာနိုင်ငံ​တွင်းနက်​ထဲမှ အကျွန်ုပ်​အကူအညီ​အော်ဟစ်​တောင်းခံ​သောအခါ အကျွန်ုပ်​အသံ​ကို ကိုယ်တော်​ကြား​တော်မူ​ပါ​၏​။ ကိုယ်တော်​သည် ပင်လယ်​ရေနက်​ထဲသို့ အကျွန်ုပ်​ကို​ပစ်ချ​လိုက်​သောအခါ ရေ​သည် အကျွန်ုပ်​ကို ဝိုင်းရံ​လျက်​ရှိ​ပါ​၏​။ လှိုင်းလုံးကြီး​လှိုင်းလုံးငယ်​တို့​သည်​လည်း အကျွန်ုပ်​ကို လွှမ်းမိုး​ကြ​ပါ​၏​။ ထိုအခါ ငါ​က ‘အကျွန်ုပ်​သည် ကိုယ်တော့်​ထံ​မှ နှင်ထုတ်​ခံရ​သော်လည်း ကိုယ်တော်​ရှိ​ရာ​သန့်ရှင်း​သော​ဗိမာန်တော်​သို့ အကျွန်ုပ်​မျှော်ကြည့်​လျက်​နေ​ပါ​မည်’​ဟု ဆို​၏​။ ရေ​သည် အကျွန်ုပ်​ကို​ဝိုင်းရံ​လျက် နက်ရှိုင်း​သော​ရေထု​ကြီး​သည် အကျွန်ုပ်​အသက်​ကို​လွှမ်းမိုး​ထား​ပါ​၏​။ ကျူရိုး​များ​သည်​လည်း အကျွန်ုပ်​ဦးခေါင်း​ကို ပတ်ရစ်​ကြ​ပါ​၏​။ တောင်ခြေရင်း​တိုင်အောင် အကျွန်ုပ်​နစ်မြုပ်​သွား​၍ မြေကြီး​သည် အကျွန်ုပ်​ကို အစဉ်​ကန့်လန့်​ထိုး​ထား​သော်လည်း အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​သည် အကျွန်ုပ်​အသက်​ကို သေတွင်း​မှ ကယ်နုတ်​တော်မူ​ပြီ​။ အကျွန်ုပ်​စိတ်ဝိညာဉ် ညှိုးငယ်​သောအခါ ထာဝရဘုရား​ကို အောက်မေ့​ပါ​၏​။ အကျွန်ုပ်​ဆုတောင်းသံ​သည် ကိုယ်တော်​ရှိ​ရာ​သန့်ရှင်း​သော​ဗိမာန်တော်​သို့ ရောက်​ပါ​၏​။

​ယောနဝတ္ထု 2:1-7 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။