YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 38:4-11

ယောဘဝတ္ထု 38:4-11 MSBU

ငါ​သည် မြေကြီး​ကို​အုတ်မြစ်ချ​စဉ်က သင်​အဘယ်မှာ​ရှိ​သနည်း​။ သင်​သိ​လျှင် ပြော​ပါ​လော့​။ မြေကြီး​ကို မည်သူ​တိုင်းတာ​သတ်မှတ်​သနည်း​။ သင်​အမှန်တကယ်​သိ​သလော​။ မြေကြီး​ပေါ်တွင် မျဉ်းကြိုး​ကို မည်သူ​ဆန့်ထား​သနည်း​။ မြေကြီး​အုတ်မြစ်​ကို မည်သည့်​နေရာ​တွင် မြှုပ်​ထား​သနည်း​။ မြေကြီး​ထောင့်ချုပ်ကျောက်​ကို မည်သူ​ချထား​သနည်း​။ ထိုစဉ်က မိုးသောက်ကြယ်​တို့ ဝိုင်းဖွဲ့​သီချင်းဆို​လျက်​၊ ဘုရား​သား​အပေါင်း​တို့​သည် ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​၏​။ ရေ​သည် ပင်လယ်​ဝမ်း​ထဲမှ​ပေါက်ထွက်​လာ​၍ ပြည့်လျှံ​သောအခါ ပင်လယ်​တံခါး​ကို မည်သူ​ပိတ်​လိုက်​သနည်း​။ ငါ​သည် ပင်လယ်ပြင်​ကို မိုးတိမ်​အဝတ်​ဖြင့်​လွှမ်းခြုံ​စေ​၍ အမှောင်ထု​နှင့်​ပတ်ရစ်​ပေး​၏​။ ပင်လယ်ပြင်​စည်း​ကို သတ်မှတ်​ပြီး ကန့်လန့်ကျင်​များ​၊ တံခါး​များ​ကို ချထား​၏​။ ပင်လယ်​အား ‘​သင်​တက်လာ​နိုင်​၏​။ ဤ​နေရာ​ထက်​မ​ကျော်​ရ​၊ ဤ​နေရာ​သည် လှိုင်းလုံး​ကြီး​များ​ရှိ​ရ​မည့်​နေရာ ဖြစ်​၏​’​ဟု ငါ​မှာထား​၏​။