ဂျူးလူမျိုးတို့၏ပသခါပွဲတော်နီးကပ်လာပြီဖြစ်သဖြင့် ယေရှုသည် ဂျေရုဆလင်မြို့သို့ကြွတော်မူ၏။ ဗိမာန်တော်၌ သိုး၊ နွားနှင့် ချိုးငှက်များကိုရောင်းနေသောသူတို့မှစ၍ ငွေလဲပွဲစားများထိုင်နေသည်ကို တွေ့တော်မူရာ ကိုယ်တော်သည် ကြိုးများဖြင့် ကျာပွတ်ကိုပြုလုပ်ပြီးလျှင် သိုး၊ နွားတို့နှင့်တကွ ထိုသူအပေါင်းတို့ကို ဗိမာန်တော်ထဲမှနှင်ထုတ်၍ ငွေကြေးလဲလှယ်သူတို့၏ဒင်္ဂါးများကိုသွန်ချကာ သူတို့၏စားပွဲများကိုမှောက်လှန်တော်မူ၏။ ချိုးငှက်များကိုရောင်းနေသောသူတို့အားလည်း“ဤဥစ္စာများကို ဤနေရာမှယူသွားကြလော့။ ငါ့ခမည်းတော်၏အိမ်တော်ကို ဈေးရုံမဖြစ်စေကြနှင့်”ဟု မိန့်တော်မူ၏။ “ကိုယ်တော်၏အိမ်တော်အတွက် ထက်သန်သောစိတ်သည် အကျွန်ုပ်ကိုလွှမ်းမိုးလျက်ရှိပါ၏”ဟု ကျမ်းစာ၌ရေးထားသည်ကို တပည့်တော်တို့သည် သတိရကြ၏။
ရှင်ယောဟန်ခရစ်ဝင် 2 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန်ခရစ်ဝင် 2
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန်ခရစ်ဝင် 2:13-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို