YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 19:1-6

ရှင်ယောဟန်ခရစ်ဝင် 19:1-6 MSBU

ထိုအခါ ပိလတ်​မင်း​သည် ယေရှု​ကို​ထုတ်ဆောင်​၍ ဒဏ်ခတ်​ရိုက်နှက်​စေ​၏။ စစ်သား​တို့​သည်​လည်း ဆူးပင်​ကို သရဖူ​အဖြစ်​ရစ်ခွေ​ပြီး ကိုယ်တော်​၏​ဦးခေါင်း​ပေါ်၌ ဆောင်း​စေ​၍ ခရမ်းရောင်​ဝတ်ရုံ​ကို ဝတ်​စေ​ပြီးလျှင် ကိုယ်တော်​ထံသို့​ချဉ်းကပ်​လျက် “ဂျူး​လူမျိုး​တို့​၏​ဘုရင်၊ မင်္ဂလာရှိ​ပါစေသော”​ဟု ဆို​ပြီး ကိုယ်တော်​ကို​ရိုက်ပုတ်​ကြ​၏။ ပိလတ်​မင်း​သည် နောက်တစ်ဖန် အပြင်​သို့​ထွက်လာ​၍ “နားထောင်​ကြ​လော့။ ထို​သူ​၌ မည်သည့်​ပြစ်မှု​ကို​မျှ ငါ​မ​တွေ့​ကြောင်း သင်​တို့​သိမြင်​ရန် သူ့​ကို သင်​တို့​ရှိ​ရာ​သို့​ခေါ်ဆောင်​လာ​မည်”​ဟု ဆို​၏။ ထိုအခါ ယေရှု​သည် ဆူး​သရဖူ​နှင့်​ခရမ်းရောင်​ဝတ်ရုံ​ကို ဝတ်ဆင်​လျက် အပြင်​သို့​ထွက်လာ​၏။ ပိလတ်​မင်း​က​လည်း “ကြည့်​ပါ။ ဤ​သူ​ပင်​တည်း”​ဟု ဆို​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​နှင့် အစောင့်​တပ်သား​တို့​သည် ကိုယ်တော်​ကို​မြင်​သောအခါ “လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​လိုက်​ပါ၊ လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု အော်ဟစ်​ကြ​၏။ ပိလတ်​မင်း​က “ငါ​သည် ဤ​သူ​၌ မည်သည့်​ပြစ်မှု​ကို​မျှ မ​တွေ့​သောကြောင့် သင်​တို့​ကိုယ်တိုင် သူ့​ကို​ခေါ်သွား​၍ လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ကြ​လော့”​ဟု ဆို​လေ​၏။