YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 15:18-24

ရှင်ယောဟန်ခရစ်ဝင် 15:18-24 MSBU

လောကီသား​တို့​သည် သင်​တို့​ကို​မုန်း​လျှင် သင်​တို့​ကို​မ​မုန်း​မီ ငါ့​ကို​မုန်း​ကြ​သည်​ကို သိမှတ်​ကြ​လော့။ သင်​တို့​သည် ဤ​လောက​နှင့်​ဆိုင်​ခဲ့​လျှင် လောကီသား​တို့​သည် မိမိ​တို့​နှင့်ဆိုင်သော​သင်​တို့​ကို ချစ်​ခဲ့​ကြ​ပေ​လိမ့်မည်။ သို့သော် သင်​တို့​သည် ဤ​လောက​နှင့်​မ​ဆိုင်။ ငါ​သည် သင်​တို့​ကို ဤ​လောက​မှ ရွေးကောက်​ခဲ့​ပြီ​ဖြစ်​သောကြောင့် လောကီသား​တို့​သည် သင်​တို့​ကို​မုန်း​ကြ​၏။ ‘ကျွန်​သည် သူ့​သခင်​ထက် ကြီးမြတ်​သည်​မ​ဟုတ်’​ဟု သင်​တို့​အား ငါ​ပြော​ခဲ့​သည့်​စကား​ကို သတိရ​ကြ​လော့။ လူ​တို့​သည် ငါ့​ကို​ညှဉ်းဆဲ​ခဲ့​လျှင် သင်​တို့​ကို​လည်း ညှဉ်းဆဲ​ကြ​လိမ့်မည်။ ငါ့​စကား​ကို​လိုက်နာ​စောင့်ထိန်း​ခဲ့​လျှင် သင်​တို့​၏​စကား​ကို​လည်း လိုက်နာ​စောင့်ထိန်း​ကြ​လိမ့်မည်။ သို့ရာတွင် သူ​တို့​သည် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ကို မ​သိ​ကြ​သဖြင့် ငါ​၏​နာမ​ကြောင့် သင်​တို့​အပေါ် ထို​အမှုအရာ​အားလုံး​တို့​ကို ပြု​ကြ​လိမ့်မည်။ ငါ​သည်​လာ​၍ သူ​တို့​အား မ​ဟောပြော​ခဲ့​လျှင် သူ​တို့​၌​အပြစ်​မ​ရှိ။ သို့သော် ယခု​အခါ သူ​တို့​သည် မိမိ​တို့​၏​အပြစ်​အတွက် ဆင်ခြေ​ပေး​၍​မ​ရ​နိုင်​ကြ။ ငါ့​ကို​မုန်း​သော​သူ​သည် ငါ့​ခမည်းတော်​ကို​လည်း​မုန်း​၏။ အခြား​မည်သူမျှ မ​ပြု​ဖူး​သော​အမှု​များ​ကို သူ​တို့​ရှေ့၌ ငါ​မ​ပြု​ခဲ့​လျှင် သူ​တို့​၌​အပြစ်​မ​ရှိ။ ယခု​မူကား သူ​တို့​သည် ထို​အမှု​တို့​ကို​မြင်​ရ​လျက်​နှင့်​ပင် ငါ​နှင့်​ငါ့​ခမည်းတော်​ကို မုန်း​ကြ​၏။