YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 13:33-35

ရှင်ယောဟန်ခရစ်ဝင် 13:33-35 MSBU

ချစ်​သား​တို့၊ ငါ​သည် သင်​တို့​နှင့်အတူ ခဏတာ​မျှသာ နေ​ရ​တော့မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်မည်။ သို့ရာတွင် ‘ငါ​သွား​ရာ​အရပ်​သို့ သင်​တို့​မ​လာ​နိုင်​ကြ’​ဟု ဂျူး​လူမျိုး​တို့​အား ငါ​ပြော​သကဲ့သို့ ယခု သင်​တို့​ကို​လည်း ငါ​ပြော​၏။ သင်​တို့​အချင်းချင်း​ချစ်​ကြ​လော့။ သင်​တို့​ကို ငါ​ချစ်​သည့်​နည်းတူ သင်​တို့​သည်​လည်း အချင်းချင်း​ချစ်​ကြ​လော့​ဟူသော​ပညတ်​ချက်​အသစ်​ကို သင်​တို့​အား ငါ​ပေး​၏။ သင်​တို့​အချင်းချင်း​ကြား၌ ချစ်​ခြင်း​မေတ္တာ​ရှိ​လျှင် ထို​ချစ်​ခြင်း​မေတ္တာ​ကို​ထောက်၍ သင်​တို့​သည် ငါ့​တပည့်​များ​ဖြစ်​ကြောင်း​ကို လူ​အပေါင်း​တို့​သိ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။