YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 11:28-35

ရှင်ယောဟန်ခရစ်ဝင် 11:28-35 MSBU

ထိုသို့​လျှောက်ထား​ပြီးနောက် မာသ​သည် ပြန်​သွား​၍ မိမိ​၏​ညီမ မာရိ​ကို​ခေါ်​လျက် “ဆရာ​ရောက်လာ​ပြီး သင့်​ကို​ခေါ်​နေ​သည်”​ဟု တိတ်တဆိတ်​ပြော​လေ​၏။ မာရိ​သည် ထို​စကား​ကို​ကြား​သောအခါ အလျင်အမြန်​ထ​၍ ကိုယ်တော်​ထံသို့​သွား​လေ​၏။ ယေရှု​မူကား ရွာ​ထဲသို့​မ​ဝင်​သေး​ဘဲ သူ့​အား မာသ​ဆီးကြို​ခဲ့​သော​အရပ်​၌​ပင် ရှိ​တော်မူ​၏။ အိမ်​၌ မာရိ​နှင့်အတူ​ရှိ​၍ သူ့​ကို​နှစ်သိမ့်​နေ​သော​ဂျူး​လူမျိုး​တို့​သည် မာရိ​အလျင်အမြန်​ထ​၍ ထွက်သွား​သည်​ကို​မြင်​ကြ​လျှင် ငိုကြွေး​ရန် သင်္ချိုင်း​ဂူ​သို့​သွား​သည်​ဟု ထင်မှတ်​လျက် သူ့​နောက်​သို့​လိုက်​သွား​ကြ​၏။ မာရိ​သည် ယေရှု​ရှိ​တော်မူ​ရာ​အရပ်​သို့​ရောက်​၍ ကိုယ်တော်​ကို​မြင်​သောအခါ ခြေ​တော်​ရင်း​၌​ပျပ်ဝပ်​လျက် “သခင်​ဘုရား၊ ဤ​နေရာ​၌ ကိုယ်တော်​ရှိ​တော်မူ​ခဲ့​လျှင် ကျွန်မ​၏​မောင်​သေဆုံး​ခဲ့​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။ ယေရှု​သည် မာရိ​ငိုကြွေး​နေ​သည်​ကို​လည်းကောင်း၊ လိုက်​လာ​သော​ဂျူး​လူမျိုး​တို့​သည်​လည်း ငိုကြွေး​နေ​ကြ​သည်​ကို​လည်းကောင်း မြင်​တော်မူ​လျှင် စိတ်​တော်​ထဲတွင်​ညည်းတွား​လျက် ရင်​တွင်း​၌​မငြိမ်မသက်​ဖြစ်​ကာ “သူ့​ကို​အဘယ်မှာ​သင်္ဂြိုဟ်​ကြ​သနည်း”​ဟု မေး​တော်မူ​၏။ သူ​တို့​က​လည်း “သခင်​ဘုရား၊ ကြွ​၍​ကြည့်ရှု​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ ယေရှု​သည် မျက်ရည်​ကျ​တော်မူ​၏။

ရှင်ယောဟန်ခရစ်ဝင် 11:28-35 အကြောင်း ဗီဒီယိုများ

​ရှင်ယောဟန်ခရစ်ဝင် 11:28-35 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။