YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ခရစ်ဝင် 11:1-6

ရှင်ယောဟန်ခရစ်ဝင် 11:1-6 MSBU

ထိုအခါ​၌ မာရိ​နှင့်​သူ​၏​အစ်မ​မာသ​တို့​နေထိုင်​ရာ ဗေသနိ​ရွာ​မှ လာဇရု​ဆို​သူ​တစ်​ဦး​သည် နာမကျန်း​ဖြစ်​နေ​၏။ ထို​မာရိ​သည် သခင်​ဘုရား​ကို​ဆီမွှေး​နှင့်​လိမ်း​၍ ခြေ​တော်​ကို မိမိ​ဆံပင်​ဖြင့်​သုတ်​သော​သူ​ဖြစ်​ပြီး နာမကျန်း​ဖြစ်​နေ​သော​လာဇရု​သည် သူ​၏​မောင်​ဖြစ်​၏။ ထို့ကြောင့် ထို​ညီအစ်မ​တို့​သည် ကိုယ်တော်​ထံသို့ လူ​ကို​စေလွှတ်​၍ “သခင်​ဘုရား၊ ကိုယ်တော်​ချစ်ခင်​တော်မူ​သော​သူ​သည် နာမကျန်း​ဖြစ်​နေ​ပါ​သည်”​ဟု လျှောက်ထား​ကြ​၏။ ယေရှု​သည် ထို​အကြောင်း​ကို​ကြား​လျှင်“ဤ​နာမကျန်း​ဖြစ်​ခြင်း​သည် သေ​ခြင်း​သို့​ရောက်​စေရန်​အတွက်​မ​ဟုတ်​ဘဲ ဘုရားသခင်​၏​ဘုန်း​တော်​အတွက်​ဖြစ်​ပြီး ဘုရားသခင်​၏​သား​တော်​သည် ထို​အခြင်းအရာ​အားဖြင့် ဘုန်း​တော်​ထင်ရှား​ခြင်း​ရှိ​စေရန်​အတွက်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ယေရှု​သည် မာသ၊ သူ​၏​ညီမ​နှင့် လာဇရု​တို့​ကို ချစ်​တော်မူ​၏။ သို့ဖြစ်၍ လာဇရု​နာမကျန်း​ဖြစ်​သည်​ကို ကြား​တော်မူ​သောအခါ မိမိ​နေ​သော​အရပ်​၌ နှစ်​ရက် ထပ်၍​နေ​တော်မူ​၏။

ရှင်ယောဟန်ခရစ်ဝင် 11:1-6 အကြောင်း ဗီဒီယိုများ