YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီးမှတ်စာ 4:6-9

တရားသူကြီးမှတ်စာ 4:6-9 MSBU

ဒေဗောရ​သည် နဿလိ​နယ်​၊ ကေဒေရှ​မြို့​ရှိ အဘိနောင်​၏​သား ဗာရက်​ကို လူ​လွှတ်​ခေါ်​စေ​၍ “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​နဿလိ​အမျိုး​၊ ဇာဗုလုန်​အမျိုး​တို့​ထဲမှ လူ​တစ်သောင်း​ကို သင်​နှင့်အတူ တာဗော်​တောင်​သို့ ခေါ်ဆောင်​သွား​လော့​။ ငါ​သည်​လည်း ယာဘိန်​မင်းကြီး​၏​စစ်သူကြီး​သိသရ​နှင့် သူ​၏​စစ်ရထား​အလုံးအရင်း​ကို ကိရှုန်​မြစ်​သို့ လှည့်ပတ်​ခေါ်​ခဲ့​ပြီး သင့်​လက်​သို့​အပ်​မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု သူ့​အား​ဆို​၏​။ ဗာရက်​က​လည်း “​အရှင် အကျွန်ုပ်​နှင့်အတူ လိုက်​မည်​ဆိုလျှင် အကျွန်ုပ်​သွား​မည်​။ အရှင် မ​လိုက်​လျှင် အကျွန်ုပ် မ​သွား​ပါ​”​ဟု ပြန်ပြော​၏​။ ဒေဗောရ​က​လည်း “​သင်​နှင့်အတူ ငါ​သွား​မည်​။ သို့သော် ထာဝရဘုရား​သည် သိသရ​ကို မိန်းမ​လက်​သို့​အပ်​တော်မူ​မည်​ဖြစ်၍ ဤ​အမှု​တွင် သင် ဂုဏ်ပြု​ခံရ​မည်​မ​ဟုတ်​”​ဟု ဗာရက်​အား​ဆို​ပြီးလျှင် သူ​နှင့်အတူ ကေဒေရှ​အရပ်​သို့ ထ​သွား​လေ​၏​။